အပိုင်း - ၇၄

9.8K 1.8K 322
                                    


{Zawgyi}

ပိုင်ရန် သက်ပြင်းချကာ ပြောလိုက်တယ် "ကောင်းပြီလေ ကျုပ် လက်ဆောင်တွေကို လက်ခံလိုက်မယ်၊ ပြန်သွားပြီး အရှင်ကြီးကို ပြောလိုက်ပါ... မနေ့ညတုန်းက ဖြစ်ပျက်ခဲ့တာတွေကို စိတ်ထဲမထားပါဘူးလို့"

ဟီးဟီးဟီး အဲ့တော့ တောင်းပန်ရမှန်း သူသိတယ်ပေါ့?

ဒါဆို ကိုယ့်ကိုယ်ကို အရမ်းအဟုတ်ကြီးထင်နေတာကို ရပ်လိုက်နိုင်ပြီလား?

"အရှင်ရှဲ့က ဘာလက်ဆောင်လဲဆိုတာကို မကြည့်တော့ဘူးလား?" အသက်အရွယ်ကြီးရင့်ကာ အဖြူရောင်မုတ်ဆိတ်နဲ့ ဘုရင့်အိမ်တော်ဝန်က မေးလာတယ်။

သူမေးလာတော့ ပိုင်ရန်လည်း စိတ်ဝင်စားဟန်ပဲ ဆောင်ရတော့တယ်။ "အိုး? ဘာများလဲ?"

အဘိုးအိုက သေတ္တာကြီးတွေနားကို လျှောက်လာကာ ထိုထဲကတစ်ခုကို ဖွင့်လိုက်တယ်။ ပိုင်ရန် လှမ်းကြည့်လိုက်တော့ ဆေးလုံးတွေပါတဲ့ ဘူးအသေးလေးတစ်ခုနဲ့ ပုလဲသေတ္တာအနည်းငယ်ကို တွေ့လိုက်ရတယ်။

ပိုင်ရန့်မှာက သူ့ရဲ့ချီကို မြှင့်ဖို့မလိုသလို ပုလဲတွေအပေါ်လည်း စိတ်ဝင်စားမှုမရှိတဲ့အတွက် ဒုတိယသေတ္တာကို မကြည့်ခင် အပေါ်ယံလောက်သာ ကြည့်လိုက်တယ်။

အဘိုးအိုက သေတ္တာတစ်ခုဖွင့်တိုင်းမှာ သူ့အမူအယာအပေါ် သေချာအာရုံစိုက်ထားပြီး မသိမသာပြောင်းလဲမှုတစ်ခုစီတိုင်းကို မှတ်သားနေတယ်။

ပိုင်ရန် သေတ္တာလေးခုလုံးကို ကြည့်ပြီးတဲ့အခါ တန်ဖိုးကြီးကျောက်မြက်ရတနာတွေနဲ့ ကျင့်ကြံခြင်းပြဒါးလုံးတွေအပြင် သံကိုတောင် သတ္တုလိုမျိုး အလွယ်တကူဖြတ်တောက်ပစ်နိုင်တဲ့ ဓားတစ်ချောင်းပါတာကို တွေ့လိုက်ရတယ်။ အားလုံးက အလွန်တန်ဖိုးရှိတဲ့ ရတနာတွေဖြစ်ပေမယ့် ပိုင်ရန် စိတ်ဝင်စားတာ တစ်ခုမှမရှိဘူး။

"အရှင်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်လို့" ပိုင်ရန် အဘိုးအိုကို စိတ်မပါတပါနဲ့ ပြောလိုက်တယ်။

အဘိုးအိုက ရှဲ့အိမ်တော်ကမထွက်ခင် တလေးတစားနှုတ်ဆက်သွားတယ်။ သူ ထာဝရအမှောင်ထုနန်းတော်ထဲကို အမြန်ဝင်ကာ သတင်းပို့ရန်အတွက် ပင်မဆောင်ကို သွားလိုက်တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Nơi câu chuyện tồn tại. Hãy khám phá bây giờ