{Zawgyi}
ပိုင်ရန်မျက်လုံးတွေပွင့်လာတော့ မွန်းလွဲပိုင်းတောင်ရောက်နေပြီ။ ရှားရှားပါးပါးနေရောင်ခြည်တန်းလေးတွေက ပြတင်းပေါက်လိုက်ကာကိုဖြတ်ကျော်ပြီး သူ့ခန္ဓာကိုယ်ပေါ်ကျရောက်နေတာကြောင့် နွေးထွေးပြီးနေလို့ကောင်းတယ်။
ပိုင်ရန် ငုတ်တုပ်ထထိုင်တော့ သူနဲ့မရင်းနှီးတဲ့အခန်းတစ်ခုထဲရောက်နေတယ်ဆိုတာ သိလိုက်ရတယ်။ အလွန်တရာကျယ်ဝန်းပြီး အိပ်ခန်းထက်စာရင် ခမ်းနားတဲ့ဟောခန်းကြီးနဲ့တောင် တူနေသေးတယ်။ အိပ်ရာကိုလည်း အထူးကောင်းမွန်စွာပြုလုပ်ထားတာဖြစ်ပြီး ကိုယ်ထည်မှာ နေ၊ လနဲ့ ကြယ်တွေပုံကို နှစ်လိုဖွယ်ထွင်းထုထားပြီး မျက်နှာကျက်ကိုလည်း တန်ဖိုးကြီးတဲ့အနက်ပေါ်မှာ ရွှေဖောက်ထားတဲ့ပါးလွှာနူးညံ့တဲ့ပိတ်သားနဲ့လုပ်ထားတယ်။ ကြမ်းပြင်ကိုလည်း ထာဝရအမှောင်ထုနန်းတော်ကြီးရဲ့ပိုင်နက်ထဲမှာလိုမျိုး သလင်းကျောက်တွေနဲ့လုပ်ထားတယ်။ အဲ့ကနေဖြတ်ပြီး နတ်ဆိုးမှော်အစွမ်းတွေစိမ့်ထွက်နေတာကို အနည်းငယ်ခံစားလို့ရနေတယ်။
ဒီအချက်တွေက သူကနတ်ဆိုးဘုရင်ကြီးရဲ့ တော်ဝင်အိပ်ဆောင်ကြီးထဲမှာရောက်နေတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲ။
ပိုင်ရန် အိပ်ရာပေါ်ကနေ ခဲရာခဲဆစ်ဆင်းလာရတယ်။ 'ဖာ့ခ် တခြားနေရာတောင်မဟုတ်ဘဲ ကြီးမြတ်လှတဲ့နတ်ဆိုးဘုရင်ကြီးရဲ့ အိပ်ရာပေါ်မှာမှ လာအိပ်နေရလား! တစ်ယောက်ယောက်သာသိသွားရင် ငါလေးက ထီးနန်းကိုသိမ်းချင်နေပြီဆိုတဲ့ ကောလဟာလတွေထွက်ကုန်တော့မှာပဲ!'
'ဒါပေမယ့် ငါကရောဘာလို့ ကြီးမြတ်လှတဲ့နတ်ဆိုးဘုရင်ကြီးရဲ့ အိပ်ရာပေါ်မှာလာအိပ်ပျော်နေရတာလဲ?'
'ငါ နတ်ဆိုးဘုရင်ကြီးနဲ့ တိုက်ခိုက်နေတာမဟုတ်လား?'
'အမ်...'
'အဆုံးမှာ ငါအနိုင်ရသွားတဲ့ပုံပဲ?'
ပိုင်ရန် ထိုနေရာမှာတင် ခြေဗလာနဲ့ မိန်းမောတွေဝေနေတယ်။
အေးစိမ့်နေတဲ့သလင်းကျောက်ကနေ မှော်စွမ်းအင်အစအနလေးတွေထွက်လာပြီး သူ့ခြေဖျားကနေ ဦးခေါင်းအထိ ဆန်တက်လာတယ်။ ပိုင်ရန်တောင် သက်ပြင်းရှိုက်မိသွားတယ်။
ESTÁS LEYENDO
နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}
FantasíaTitle - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanmar Translator - Kay_Wine 😉