{Zawgyi}
နတ်ဆိုးဘုရင်ကြီးက သူ့ကိုဆူနေပေမယ့် သူ့ကိုတကယ်ကြီးဒေါသထွက်နေတာမဟုတ်ဘူးလို့ ပိုင်ရန်ပြောနိုင်တယ်။
ကောင်းတယ်! သူအသတ်မခံရသေးသရွေ့ သူအခြေအနေကို ပြောင်းလဲသွားအောင်လုပ်လို့ရတယ်။
ပိုင်ရန်ရှက်ရွံ့နေသလိုမျိုးနဲ့ “အရှင် ကျွန်တော်မှားသွားတာပါ၊ ကျွန်တော်ကြိုမြင်နိုင်စွမ်းမရှိဘူး ဖြစ်သွားပါတယ်”
“မင်းကျောက်စိမ်းတိမ်လွှာပုလဲကို မရလာလို့ကိုယ်တော်စိတ်ဆိုးတာမဟုတ်ဘူး၊ ကိုယ်တော်က မင်းကပြဿနာကို ဘယ်လိုပိုကောင်းအောင်လုပ်ရမလဲဆိုတာမသိတာကြောင့် စိတ်တိုတာ” နတ်ဆိုးဘုရင်ကြီးကပြောတယ်။
ပိုင်ရန်လိမ်လိမ်မာမာလေး သူ့အမှားသူသိတဲ့ပုံစံမျိုးလေးနဲ့ခေါင်းကိုငြိတ်ပြလိုက်တယ်။ “အရှင်ပြောတာမှန်ပါတယ်… ကျွန်တော်မတွေးဘဲလုပ်လိုက်မိပါတယ်၊ နောက်တစ်ကြိမ်ထပ်မဖြစ်စေရတော့ပါဘူး”
“နောက်တစ်ကြိမ်?”
“နတ်ဆိုးဘုရင်အရှင့်ကို ပေးထားခဲ့တဲ့ကတိကို ဖြစ်မြောက်အောင်လုပ်ပေးရမယ်၊ ကျွန်တော်ကျောက်စိမ်းတိမ်လွှာပုလဲကို ရအောင်ယူလာပေးပါ့မယ်” ပိုင်ရန့်မျက်လုံးထဲမှာ ပြတ်သားတဲ့အရိပ်အရောင်တွေအပြည့်နဲ့ နတ်ဆိုးဘုရင်ကြီးကို တည့်တည့်စိုက်ကြည့်နေတယ်။
ဒါက အလျော့မပေးခေါင်းမာတတ်တဲ့မျက်လုံးတွေပဲ…။
နတ်ဆိုးဘုရင်ကြီး တုန့်ဆိုင်းသွားတယ် “မင်း…”
သူမျက်မှောင်ကြုတ်ပြီး “မလိုတော့ဘူး၊ ကိုယ်တော့်ရဲ့ပြဿနာက ရှုပ်ထွေးတယ်၊ ကျောက်စိမ်းတိမ်လွှာပုလဲလောက်နဲ့ မရှင်းနိုင်ဘူး”
“ခင်ဗျာ? ကျောက်စိမ်းတိမ်လွှာပုလဲကတောင်မှ အရှင့်ရဲ့ပြဿနာကို မဖြေရှင်းပေးနိုင်တော့ဘူး? ကျွန်တော့်ကိုပြောပါ အရှင်၊ အရှင်သက်သာစေဖို့ကျွန်တော် ဘာလုပ်ပေးရမလဲ၊ အရှင်ပြောသမျှ ကျွန်တော်အကုန်လုပ်ပေးပါမယ်..”
ပိုင်ရန့်မျက်ဝန်းတွေက စိုးရိမ်ပြီးမျှော်လင့်ချက်တွေ အပြည့်နဲ့ဖြစ်နေတယ်။
ŞİMDİ OKUDUĞUN
နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}
FantastikTitle - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanmar Translator - Kay_Wine 😉