အပိုင်း - ၈၉

6.6K 1.6K 159
                                    

{Zawgyi}

မတတ်သာစွာနဲ့ ပိုင်ရန် ကျိုးရင်,ဘက်ကိုလှည့်ပြီးတော့သာ ပြောလိုက်ရတယ် "ကြည့်ရတာ မင်းက ရှောင်ဖို့အတွက် ပိုင်နက်ကိုပဲ ဖွင့်နိုင်ပုံရတယ်၊ အခုကစပြီး မင်းက ဒီမှာ လာကျင့်ကြံပြီး အဆင့်တက်နိုင်တာပေါ့"

ကျိုးရင် ခါးသက်သက်နဲ့ ရယ်လိုက်တယ် "ကျွန်တော်က ကျင့်ကြံရမှာဆိုရင်တောင်မှ အရင်ဆုံး အသက်လေးတော့ ရှုပါရစေ"

သူက ခုလေးတင် နှစ်ကြိမ်တိုက်ခိုက်လာရပြီး ဒဏ်ရာတွေ ရပြီးရင်းရနေတယ်။ သူလည်း ချုံးချုံးကျကာ ပင်ပန်းနေပြီဖြစ်တယ်။

ဒီလိုအခိုက်အတန့်မှာ ဇာတ်လိုက်ကို ကျင့်ကြံဖို့အတွက် အတင်းအကျပ်လုပ်တာက တကယ်မသင့်လျော်လှဘူး။ ပိုင်ရန်မျက်မှောင်ကြုတ်ကာ သူ့အကျီလက်ကို ခါပြီး ပြောလိုက်တယ် "သိပ်ကောင်းတယ်၊ ဒီလာခဲ့ ငါမင်းကို ကူပြီးကုပေးမယ်"

ကျိုးရင်ရဲ့တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေချည်းနဲ့သာဖြစ်တယ်။ သူ့မျက်နှာက ဖြူလျော်နေပြီး အဝတ်အစားတွေကလည်း စုတ်ပြဲလို့နေတယ်။ သူ့ကိုသာ လူအုပ်ကြားထဲ ပစ်ထည့်လိုက်မယ်ဆိုရင် ဒုက္ခသည်တစ်ယောက်လို့တောင် အထင်မှားနိုင်တယ်။

ပိုင်ရန်ကလည်း ထူးမခြားနားပဲ။ သူ့အဝတ်အစားတွေက တိုက်ခိုက်နေစဉ်အတွင်း သူ့ရဲ့ပြင်းထန်ရဲ့အရှိန်အဝါကြောင့် စုတ်ပြဲကုန်ပြီဖြစ်တယ်။

ဒုက္ခသည်နှစ်ယောက် အချင်းချင်းပူးကပ်နေကြတယ်။ သူတို့က တကယ့်ကို သနားစဖွယ်မြင်ကွင်းလေးတစ်ခု ဖြစ်နေတယ်။

သေချာတာကတော့ အခုချိန်မှာ သူတို့ရဲ့ပုံပန်းသွင်ပြင်တွေကို ဘယ်သူမှ ထိန်းချုပ်မထားနိုင်တော့ဘူး။ ပြန်သက်သာဖို့က ပိုပြီးအရေးပါတယ်။

ပိုင်ရန်က သူ့ကိုကုသပေးလိုတယ်လို့ ကျိုးရင်,ကြားလိုက်ရချိန်မှာ ချက်ချင်းဆိုသလို သူ့ရဲ့ချုံးချုံးကျနေတဲ့ခန္ဓာကိုယ်ကို သူ့အနားတရွတ်တိုက် ဆွဲလာတယ်။ ပိုင်ရန်က တတ်နိုင်သမျှ မြန်မြန်ထွက်သွားချင်ပြီဖြစ်တဲ့အတွက် မလိုတာတွေ ပြောမနေတော့ဘူး။ ချက်ချင်းပဲ ကျိုးရင်ကို ကူလှည့်ပေးကာ သူ့ရဲ့စွမ်းအင်ကိုသုံးကာ ကုသပေးတော့တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now