အပိုင်း - ၈၈

7.1K 1.5K 28
                                    

{Zawgyi}

ထိုသို့တွေးကာ တိုက်ခိုက်နေရင်း သုံးယောက်စလုံးရဲ့အာရုံက ဟိုရောက်ဒီရောက်ဖြစ်နေပြီး ပိုင်ရန့်အပေါ် ဖိအားကလည်း အများကြီးလျော့ကျသွားတယ်။ သူကတော့ အပြင်းအထန်ပြန်တိုက်နေပြီး တစ်ယောက်ကိုမှ လွတ်ထွက်ခွင့်မပေးဘူး။

အတော်ကြာအောင် တစ်ဖက်လူကို တစ်ယောက်မှ အသာစီးမယူနိုင်ဖြစ်နေတယ်။

"ယုတ္တိမရှိလိုက်တာ!" သုံးယောက်ထဲက စိတ်မရှည်ဆုံးတစ်ယောက်က ဒေါသတကြီးအော်ဟစ်ကာ သူ့ရဲ့သန့်စင်ခြင်းဓားကို ဝှေ့ယမ်းလိုက်တယ်။ မျက်စိပြာလောက်တဲ့အလင်းရောင်ဖြာနေတဲ့ ဝိဉာဉ်စွမ်းအင်က အနားတစ်ဝိုက်ကို လေဆင်နှာမောင်းတစ်ခုလို ဖြတ်သွားတယ်။

ကျန်သူတွေကလည်း သူတို့ကိုယ်သူတို့ နောက်ကောက်ကျမခံဘဲ သူတို့ရဲ့ကိုယ်ပိုင်သန့်စင်ခြင်းလက်နက်တွေကို လွှဲယမ်းလာကြပြီး တတ်နိုင်သမျှ မြန်မြန်အဆုံးသတ်နိုင်ဖို့ အခွင့်အရေးရှာကာ ကျိုးယင်ဆီသွားပြီး နဂါးနိုင်ဓားကို ဖြတ်လုနိုင်ဖို့ လုပ်နေကြတယ်။

နတ်ဆိုးနယ်မြေက ကျင့်ကြံခြင်းနည်းလမ်းတွေက လူသားတွေနဲ့ ကွာခြားတယ်။ ယေဘုယျအားဖြင့် ပြောရရင် နတ်ဆိုးနယ်မြေမှာ သူတို့ရဲ့အသက်နဲ့ ချိတ်ဆက်နေတဲ့ ဘာလက်နက်မျိုးမှမရှိဘဲ သူတို့ခန္ဓာကိုယ်တွေကသာ သူတို့ရဲ့အသန်မာဆုံးလက်နက်တွေဖြစ်တယ်။ တစ်ဖက်မှာတော့ လူသားကျင့်ကြံသူတွေက အသက်ကယ်တင်နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ သန့်စင်ခြင်းလက်နက်တွေနဲ့ ရှေ့ဆက်ရတာကို နှစ်သက်ကြတယ်။

လူသုံးယောက်က သူတို့ရဲ့သန့်စင်ခြင်းလက်နက်တွေကို ထုတ်လာကြပြီဖြစ်တာကြောင့် ပိုင်ရန်လည်း သတိလက်လွတ်မလုပ်ရဲတော့ဘဲ သူ့ရဲ့စွမ်းအင်အားလုံးကို အလျင်အမြန်ထုတ်လွှတ်ကာ သူ့ဘေးပတ်လည်မှာ မှော်စွမ်းအင်တွေ အမြင့်ဆုံးရောက်တဲ့အထိ ဖြန့်ကျက်လိုက်တယ်။ လူသားနယ်မြေကို ရောက်လာပြီး သူ့ရဲ့စွမ်းအင်က ဖိနှိပ်ခံထားရတယ်ဆိုပေမယ့် ဒါက အတော့်ကိုရှိန်လောက်စရာရှိနေသေးတယ်။

ဇာတ်လိုက်နဲ့ ဖီးနစ်မြို့အရှင်တို့ကြားက တိုက်ပွဲကလည်း မကြာခင်ပြီးတော့မယ်ဆိုတာကို ခံစားမိနေတာကြောင့် သူနည်းနည်းလောက်သာ ထပ်ပြီး အချိန်ဆွဲပေးထားဖို့လိုတယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Wo Geschichten leben. Entdecke jetzt