{Zawgyi}
ဒါက နတ်ဆိုးနယ်မြေထဲက ကွဲကြောင်းတစ်ခုဆိုတာ ပိုင်ရန်နားလည်တယ်။ ဟိုးမြေအောက်ထဲမှာရှိတဲ့ များပြားလှတဲ့အဆိပ်ငွေ့တွေက ကွဲကြောင်းထဲကနေ မျက်နှာပြင်ပေါ်ကို ပလုံစီပြီးတောက်လျှောက် ထွက်နေတာဖြစ်တယ်။ မျက်နှာပြင်ပေါ်ရောက်တယ်ဆိုတာနဲ့ ထိုအရာက အားကောင်းတဲ့မကောင်းဆိုးဝါးစည်းတစ်ခုဖြစ်ပေါ်သွားကာ တစ်စုံတစ်ယောက်ရဲ့အသက်ကို နှုတ်လိုက်နိုင်တယ်။ အလွန်တရာဇွဲနပဲကြီးကာ ဖြတ်လတ်သူတွေသာ အသက်ရှင်ကျန်ခဲ့နိုင်တယ်။ အားနည်းသူတွေကတော့ ဘာမှမကျန်တော့သည်အထိ လုံးဝခြောက်ကပ်သွားနိုင်တယ်။
အဆိပ်ငွေ့ပူဖောင်းကို ပိုင်ရန်အရင်က မြင်ဖူးတယ်။ ဒါကိုမြင်တဲ့ဘယ်သူမဆို ကြောက်ရွံ့ကြတယ်။ သို့ပေမယ့် ကုန်းမြေက အက်ကြောင်းကြီးထဲကနေ အဆိပ်ငွေ့ပူဖောင်းထုတ်ပေးတာက အတော်လေးခမ်းနားလှတယ်။ လှပတယ်လို့တောင် ပြောရလောက်တယ်။
ပိုင်ရန် တအံ့တဩဖြစ်နေတယ်။
ပုံမှန်ဆို ဒီလိုနယ်မြေကို ချဉ်းကပ်နိုင်သူ အလွန်တရာနည်းပါးပေမယ့် နတ်ဆိုးဘုရင်ကြီးနဲ့ ပိုင်ရန်က ကျင့်ကြံခြင်းအဆင့်မြင့်မားတာကြောင့် ချွင်းချက်ဖြစ်တယ်။ သူတို့အတွက်ကတော့ ဒီအဆိပ်ငွေ့တွေက ရင်ဆိုင်ဖို့ လွယ်ကူလှတယ်။
ဒီနေရာက ထာဝရအမှောင်ထုနန်းတော်ကြီးနဲ့ ဘယ်လောက်မှမဝေးဘူးဆိုပေမယ့် ပိုင်ရန်မသိခဲ့ဘူး။ အဓိက,ကတော့ အရင်ရှဲ့ဇီထျန်းရော လက်ရှိပိုင်ရန်ကပါ ဒီလိုမျိုးနေရာကို လာရောက်ချင်စိတ်မရှိတာကြောင့်ပဲဖြစ်တယ်။
ဒီလိုကျောချမ်းစရာကောင်းတဲ့နေရာလာပြီး ကောင်းတာဘာလုပ်စရာရှိလို့လဲ?
ဒါပေမယ့် နတ်ဆိုးဘုရင်ကြီးကတော့ သူ့ကိုဒီခေါ်လာတယ်။
"အရှင်ကြီးက ဒီကွဲကြောင်းကို ကျွန်တော်တို့အတူတူ ချိပ်ပိတ်တာမျိုး လုပ်ချင်လို့လား?" ပိုင်ရန် သိလိုစိတ်နဲ့မေးလိုက်တယ်။ နတ်ဆိုးဘုရင်ကြီး သူ့ကိုဘာကြောင့် ဒီလိုနေရာခေါ်လာရတာလဲဆိုပြီးတွေးလိုက်တဲ့အခါ အကြောင်းပြချက်ဒီတစ်ခုပဲ ထွက်လာတယ်။
ESTÁS LEYENDO
နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}
FantasíaTitle - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanmar Translator - Kay_Wine 😉