အပိုင်း - ၄၂ (Zawgyi + Unicode)

12.8K 2K 22
                                    

{Zawgyi}

“သခင်လေးက အမြင်ရှိတာပဲ၊ ဒီဝတ်ရုံကအတော်လေး ထူးခြားတယ်… ဒါကိုအရည်အသွေးကောင်းတဲ့တိမ်လွှာပိုးထည်ကနေ လုပ်ထားတာ၊ ဝတ်ရုံပေါ်မှာပန်းလေးတစ်ပွင့်၊ ပုံစံလေးတစ်ခုတောင်မပါတာကိုတော့ စိတ်ထဲမထားပါနဲ့၊ ချုပ်ရာတိုင်း အပ်ချည်တစ်ခုတိုင်းကို ပန်းထိုးမိခင်ကြီးကိုယ်တိုင်ထိုးပေးထားတာ…” ဆိုင်ရှင်ကဝတ်ရုံကို ယူနေရင်းကြွားတော့တယ်။ ပိုင်ရန်ယူဝတ်ကြည့်လိုက်တယ်။ သူနဲ့ကွက်တိဖြစ်နေတာကြောင့် တခါတည်း ဝယ်လိုက်တယ်။

ဝတ်စုံအသစ်နဲ့ပိုင်ရန်လျှောက်လာချိန်မှာတော့ သူ့ရဲ့မောက်မာပြီး အရိုင်းဆန်တဲ့နတ်ဆိုးအမူအကျင့်ကနေ ရည်မွန်တဲ့မသေမျိုးကျင့်ကြံသူတစ်ယောက်လို ပုံစံပြောင်းသွားတယ်။

လူတွေအတွက် အဝတ်အစားက မြင်းတွေအတွက် ကုန်းနှီးလိုပဲ။ သေချာတာပေါ့ မင်းမှန်ကန်တဲ့ဝတ်စုံကို ရွေးဝတ်နိုင်သရွေ့ လူတစ်ယောက်လုံးရဲ့အရောင်အဝါလည်း ပြောင်းလဲနိုင်တယ်။

“သခင်ရဲ့စိတ်နေစိတ်ထားက အစတည်းကဖြူစင်လို့ ထင်ပါရဲ့.. အရင်တုန်းက ရှဲ့ဇီထျန်းရဲ့ဝတ်စုံက အရမ်းဟိတ်ဟန်များတာကြောင့် သူ့ရဲ့လျှို့ဝှက်နက်နဲတဲ့အမူအကျင့်တိုင်းလိုက်တုပနေရတယ်၊ ခုကျတော့ သခင်ကလူသားနယ်မြေကိုရောက်လာပြီး ရှဲ့ဇီထျန်းလိုလိုက်လုပ်စရာမလိုတော့တာကြောင့် ဒီဝတ်စုံကသခင့်ရဲ့ပင်ကို ဖြူစင်တဲ့ပုံလေးပြန်ပေါ်လာစေတယ်” ရှောင်လင်းပြောလိုက်တယ်။

“…ချီးမွန်းပေးလို့ ကျေးဇူးပဲ” ရှောင်လင်းကသူ့ကိုချီးမွမ်းတယ်လို့ဟန်ဆောင်ဖို့ ပိုင်ရန်ဆုံးဖြတ်လိုက်တယ်။

သူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဖုံးကွယ်ဖို့အတွက် ပိုင်ရန်မျက်နှာပြောင်းလဲနည်းပညာကိုသုံးပြီး တခြားလူတစ်ယောက်နီးနီး ပုံစံပြောင်းလိုက်တယ်။ ရှဲ့ဇီထျန်းရဲ့အရိုင်းဆန်တဲ့အလှမရှိတော့ပေမယ့် သူကယောကျာ်းပီသနေတုန်းပဲ။

ကိုယ့်ကိုယ်ကို ဖုံးကွယ်လို့အပြီးမှာ ပိုင်ရန်စားသောက်ဆိုင်တစ်ခုကိုသွားပြီး ထိုင်နေလိုက်တယ်။ ကျင့်ကြံသူအများအပြားက တိမ်လွှာပျံဝဲဂိုဏ်းရဲ့တောင်ခြေမှာ သွားလိုက်လာလိုက်ရှိကြတယ်။ တွေ့ရာတစ်ယောက်ကို ကောက်မေးလိုက်ရင်တောင် ဘာတွေဖြစ်နေလဲသိနိုင်တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now