{Zawgyi}ကျောင်ရှို့သူ့ခေါင်းသူကုတ်ပြီး ရိုးရိုးသားသားပြောတယ် "မင်းတို့အားလုံးသွားချင်နေကြတာလား? အဲ့လိုဆိုရင်လည်း ငါမင်းတို့နဲ့ဆက်ပြီးမပြိုင်နေတော့ပါဘူးလေ"
ကျန်သုံးယောက်က သူတို့သွားလိုကြောင်းပြောနေကြသေးတယ်။
အခုချိန်ထိ တိတ်တိတ်လေးသာနားထောင်နေခဲ့တဲ့ နတ်ဆိုးဘုရင်က "ဒီကိစ္စကို နောက်မှပဲဆွေးနွေးကြတော့မယ်၊ မင်းတို့အားလုံးသွားလို့ရပြီ"
နတ်ဆိုးဘုရင်ယုံးယဲ့ကပြောလာမှတော့ သူတို့လည်းဆက်မငြင်းဝံတော့ဘဲ မတ်တပ်ထရပ်ကာ ထွက်သွားဖို့လုပ်ကြတော့တယ်။
ပိုင်ရန်လည်း ထွက်မလို့ပါပဲ၊ ဒါပေမယ့် နှစ်လှမ်းလောက်သာလှမ်းရသေးတယ် နူးနူးညံ့ညံ့အသံလေးတစ်ခုက သူ့ကိုလှမ်းတာတယ်။ "ရှဲ့ဇီထျန်း... နေခဲ့ပါအုံး"
ပိုင်ရန် ရပ်သွားပြီး နောက်လှည့်ကာ "အရှင်........"
ကျန်တဲ့လူလေးယောက်ကတော့ ပင်မဆောင်ကနေထွက်သွားကြပြီဖြစ်တာကြောင့် ဒီနေရာအကျယ်ကြီးမှာ နတ်ဆိုးဘုရင်ယုံးယဲ့နဲ့ ပိုင်ရန်တို့နှစ်ယောက်တည်းသာ ရှိတော့တယ်။
"အရှင်...." ပိုင်ရန်ပလ္လင်ရှေ့မှာ တလေးတစားခါးလေးအနည်းငယ်ကိုင်းကာ မတ်တပ်ရပ်နေပြီး အရမ်းကြီးသတိစွဲထားသလိုဖြစ်နေတယ်။
"ကိုယ်တော်ဘာလို့ မင်းကိုနေခဲ့ခိုင်းတာလဲသိလား?" ပလ္လင်ပေါ်ကလူကမေးတယ်။
"အရှင့်ရဲ့ငယ်သား မသိပါဘုး" သူ့စိတ်ထဲမှာတော့ နတ်ဆိုးဘုရင်ကြီးက တာဝန်ကိုပြီးမြှောက်အောင်လုပ်ခိုင်းတော့မှာလား မသိဘူးလို့တွေးနေတယ်။
သူလည်း လူသားနယ်မြေမှာနေတဲ့ဇာတ်လိုက်ကိုရှာဖို့လိုနေတုန်း ဒီလိုတာဝန်မျိုးကျလာတာကြောင့် မတရားကိုပျော်မြူးနေတယ်။ သူက နတ်ဆိုးနယ်မြေမှာရှိနေတာကြောင့် စည်းကိုဖြတ်ကျော်ဖို့လိုတယ်။ သို့ပေမယ့် စည်းကိုဖြတ်ဖို့ဆိုတာ အရမ်းကိုရှုပ်ထွေးတဲ့အပြင် နတ်ဆိုးဘုရင်ကိုပါ အချက်ပြပြီးသားဖြစ်သွားနိုင်တယ်။ အခုတော့ တရားဝင်ဆင်ခြေဆင်လက်ပေးပြီး လူသားနယ်မြေကိုဖြတ်နိုင်တော့မှာဖြစ်လို့ ဒီအခွင့်အရေးကိုကြိုးစားပမ်းစား အမိအရဖမ်းကိုင်နိုင်မှဖြစ်မယ်။
YOU ARE READING
နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}
FantasyTitle - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanmar Translator - Kay_Wine 😉