အပိုင်း - ၇၅

10.1K 1.8K 209
                                    


{Zawgyi}

စဉ်းလဲတဲ့မျက်လုံးနဲ့လူက ဘေးနားမှာ မတင်မကျအနေအထားနဲ့ရှိနေတဲ့ ချင်းဟယ်ကိုကြည့်ကာ သတိထားပြီးမေးလိုက်တယ် "လူတိုင်းလား? မမလေးချင်းဟယ်ပါ ပါတာလား?"

ဟုတ်သား ချင်းဟယ်ကိုပါ ထည့်တွက်ဖို့လိုသေးတယ်။

သူမက နတ်ဆိုးဘုရင်ကြီးပို့ပေးလိုက်တဲ့ လူတစ်ယောက်။ သူဒါကို ဘယ်လိုကိုင်တွယ်သင့်လဲ?

ပိုင်ရန် ခေါင်းလှည့်ကာ ချင်းဟယ်ကိုစိုက်ကြည့်ရင်း သူ့ဘာသာ ပွစိပွစိရေရွတ်နေမိတယ်။

ချင်းဟယ်က အလွန်တရာအကင်းပါးလှပြီး ချက်ချင်းဆိုသလို သိမ်မွေ့တဲ့အသံလေးနဲ့ ပြောလာတယ် "ချင်းဟယ်လည်း အလိုလိုပါသွားတာပေါ့"

'အယ်?'

ပိုင်ရန် နည်းနည်းတော့ အံ့ဩသွားတယ်။ နတ်ဆိုးဘုရင်ကြီးက သူမကို ပြန်ခေါ်ချင်တာလား? သူ့ဘေးနားမှာ တစ်ယောက်မှ မထားချင်တော့ဘူးလား?

တုန်လှုပ်သွားပြီးနောက် သူ့ရဲ့ဒုတိယတုန့်ပြန်ချက်က ရယ်မောတာဖြစ်တယ် 'ငါ လွတ်လပ်ပြီကွ'

သူ့မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ဖြတ်သန်းသွားတယ်။

သို့ပေမယ့် စဉ်းလဲတဲ့မျက်လုံးကတော့ ပိုပြီးတော့တောင် အံ့ဩရသေးတယ်။

ပိုင်ရန်အလွန်ကို ပျော်မြူးနေတယ်။ ထို့နောက် စဉ်းလဲ့တဲ့မျက်လုံးက မရွေ့သေးတာမြင်တော့ မျက်ခုံးတစ်ဖက်ပင့်သွားတယ် "မသွားသေးဘူးလား?"

"ဟုတ်တာပေါ့ သွားပါမယ်" ဇဝေဇဝါနဲ့ စဉ်းလဲတဲ့မျက်လုံး အခန်းထဲကထွက်သွားတယ်။

ဘုရားသိကြား! လူတကာနဲ့ဆက်ဆံပြီး တဏှာစိတ်ကြီးနဲ့ဝက်တစ်ကောင်က ရုတ်တရက်ကြီးသူ့ရဲ့မောင်းမဆောင်ကို ဖျက်သိမ်းချင်တယ်ဆိုတာ ခွေးက ချီးထပ်မစားတော့ဘူးလို့ပြောတာကို ယုံကြည်နေရသလိုပဲ။

သို့ပေသိ အဆုံးမှာတော့ သူက စကားနားထောင်ပြီး အမိန့်နာခံရတဲ့ အဆင့်နိမ့်အိမ်တော်ထိန်းတစ်ယောက်သာဖြစ်တယ်။ အကယ်၍များ ရှဲ့ဇီထျန်းက မိုးကောင်းကင်က လမင်းကို ဆွတ်ခူးပေးဆိုရင်တောင် ပြောတဲ့အတိုင်း လုပ်ပေးရမှာဖြစ်တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Donde viven las historias. Descúbrelo ahora