အပိုင်း - ၄၅ (Zawgyi+ Unicode)

12.3K 2.1K 52
                                    

{Zawgyi}

ပိုင်ရန်ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ဖို့ ပြင်ဆင်လိုက်တယ်။

“အရှင်ဟွာ” အပြင်ဘက်ကနေ အစောင့်ရဲ့အသံထွက်ပေါ်လာတယ်။

“အထဲမှာ ရှဲ့ဇီထျန်းလား? ငါသူ့ကိုတွေ့ချင်လို့” ဟွာဖေးဟွားက သူ့အသံချိုချိုလေးနဲ့ပြောလိုက်တယ်။

“အရှင့်ကို အကြောင်းပြန်ပါတယ်၊ အရှင်ရှဲ့က တစ်နေ့လုံးအလုပ်တွေ ရှုပ်နေခဲ့တာကြောင့် အိပ်ယာဝင်သွားပါပြီ” အစောင့်က လေးစားမှုအပြည့်နဲ့ တည်ငြိမ်စွာပြန်ဖြေလိုက်တယ်။

အသံက ဆူပြီးကျယ်တယ်၊ ဖြစ်နိုင်တာက ဟွာဖေးဟွားက အထဲဝင်ဖို့ကြိုးစားနေတာကို အစောင့်ကတားနေပုံရတယ်။ “အရှင်ဟွာ အရှင်ရှဲ့က အိပ်ယာဝင်သွားပါပြီ၊ အခုကအချိန်ကောင်းမဟုတ်ပါဘူး”

“မင်းကများ ရာရာစစငါ့ကို တားရဲတယ်?” ဟွာဖေးဟွားရဲ့အသံက မောက်မာမှုတွေပြည့်နှက်နေတယ်။

“တောင်းပန်ပါတယ်၊ ဒါပေမယ့် အရှင်ကြီးရဲ့အမိန့်အရ တစ်ယောက်မှသူ့အခန်းထဲက ဝင်ခွင့်မပေးထားပါဘူး” အစောင့်ရဲ့အသံက တည်ငြိမ်အေးဆေးနေဆဲဖြစ်ပြီး ဟွာဖေးဟွားခြိမ်းခြောက်တာကို ဒီတိုင်းကြည့်နေတယ်။ သူဟွာဖေးဟွားကို မျက်နှာသာလေးနည်းနည်းတောင် မပေးဘူး။

ပိုင်ရန်နားထောင်နေရင်း သူသာဝင်မပြောရင် ဒီနှစ်ယောက်အပြင်ဘက်မှာ တိုက်ခိုက်တာဖြစ်ဖြစ် တခုခုတော့ဖြစ်တော့မယ်ဆိုတာ သိနေတယ်။ အဲ့တာကြောင့် သူအမိန့်ပေးလိုက်တယ် “သူ့ကိုဝင်ခိုင်းလိုက်”

အဲ့လိုဆိုတော့မှ အစောင့်ကတံခါးကိုဖွင့်ပေးလိုက်တယ်။ ဟွာဖေးဟွားဇွတ်ဝင်လာပြီးတာနဲ့ တခါတည်းမကျေမနပ်ပြောတော့တယ်။ “မင်းကငါ့ကို တားဖို့ကြိုးစားရဲတယ်ပေါ့၊ ရှဲ့ဇီထျန်း!”

ရှဲ့ဇီထျန်းနဲ့ ဟွာဖေးဟွားက နှစ်ကိုယ်ကြားဆက်ဆံရေးကောင်းတယ်။ သူတို့ဆက်ဆံရေးက အလွန်အမင်းကို စိတ်အားထက်သန်လွန်းလှတဲ့သူနဲ့ ခပ်တုံးတုံးသူဆိုပေမယ့် ရှဲ့ဇီထျန်းဆိုတာက အလှလေးတိုင်းကို ချစ်တတ်တယ်လေ။ ဟွာဖေးဟွားက crossdresserတစ်ယောက်ဆိုပေမယ့် ရှဲ့ဇီထျန်းက သူ့ကိုလိုက်နေဆဲပဲ။ ရှဲ့ဇီထျန်းက တခါတရံတွေမှာ ဟွာဖေးဟွားကို အခွင့်အရေးယူတတ်တယ်ဆိုပေမယ့် များသောအားဖြင့်ကတော့ ဟွာဖေးဟွားကပဲ သူ့ကိုကစားနေတာဖြစ်တယ်။ အချိန်တွေကြာလာတာနဲ့အမျှ ဟွာဖေးဟွားက ရှဲ့ဇီထျန်းကို ဆွပေးဖို့အကြည့်တွေကိုပဲ သုံးတော့တယ်၊ ဒါပေမယ့် သူပေးလိုက်ရတယ်ဆိုတာ လုံးဝကိုမရှိဘဲ အရင်တုန်းတည်းကလည်း အရှုံးဆိုတာမဖြစ်ခဲ့ဖူးဘူး။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Donde viven las historias. Descúbrelo ahora