Erratic Love - 24

3.7K 383 74
                                    

ခဏတိုင်းခေါင်းကိုက်နေတဲ့ ရှောင်းကျန့်က အလုပ်တွေအကုန် ဟောက်ရွှမ်းလက်ထဲ လွှဲထားပြီး အိမ်မှာပဲနေတယ်။

နေမကောင်းချင်တာမို့ ရိပေါ်ကို မျက်စိအောက်က အပျောက်မခံလည်း ဖြစ်နေတယ်။ ရှန်ဟိုင်းကို ပြန်မယ့်အကြောင်း စကားစလိုက်တာနဲ့ စိတ်ဆိုးဖို့ကို ဦးတည်သွားတတ်တာကြောင့် ရိပေါ်က ပေကျင်းကနေပဲ cloud metting နဲ့ လှမ်းအလုပ်လုပ်ရတယ်။

သူပြန်မလာလို့ သူ့ကိုယ်စား အလုပ်တွေပုံသွားတဲ့ ဗနက်ဆာဆီက နေ့တိုင်းနီးပါး ဆူခံရပေမယ့် ရိပေါ်က သူ့ချစ်သူကို အလိုလိုက်မြဲ အလိုလိုက်လျက်ပဲ...။

အခု ရိပေါ်က လပ်ပ်တော့တစ်လုံးနဲ့ Game server အသစ်ဖွင့်ဖို့ အလုပ်များနေပြီး ရှောင်းကျန့်က သူ့ပေါင်ပေါ်မှာ လှဲပြီး စာအုပ်ဖတ်နေတယ်။

"ဒီတစ်ခါ server အဖွင့်မှာ dungeon အသစ်တွေပါတစ်ခါတည်း ထပ်ထည့်ချင်တယ်။ တချို့ဖုန်းမော်ဒယ်တွေမှာ Game crash ဖြစ်သွားတာအတွက်လည်း နည်းပညာဌာနကို အဖြေရှာထားခိုင်းလိုက်ပါ။ပေကျင်းက အဆောက်အအုံအခြေအနေနဲ့ ဝန်ထမ်းတွေအတွက်အဆောင်ကိစ္စလည်း အသေးစိတ်ပြန်တင်ပြပေးပါဦး"

ရိပေါ်က လပ်ပ်တော့ကနေ Bugဖြစ်နေတဲ့ codeတွေကို စစ်နေရင်း နားမှာတပ်ထားတဲ့ air podကနေတစ်ဆင့် ဗနက်ဆာကို လုပ်ငန်းဆောင်ရွက်ထားဖို့တွေကို ညွှန်ကြားလိုက်တယ်။

သူဖုန်းပြောပြီးတဲ့အချိန်မှာ ရှောင်းကျန့်က စာအုပ်ကို ဘေးတင်ပြီး မျက်လုံးတွေအသာမှိတ်ထားတာကို တွေ့လိုက်ရတယ်။

"ခေါင်းကိုက်ပြန်ပြီလား"

ရိပေါ်က ရှောင်းကျန့်ဆံပင်နက်နက်တွေကို သာသာလေးသပ်တင်ပြီး နူးနူးညံ့ညံ့လေးမေးတယ်။

"ဟင့်အင်း"

မျက်လုံးတွေမှိတ်ထားတဲ့ ရှောင်းကျန့်က တိုးတိုးပဲပြန်ဖြေတယ်။ ခေါင်းမကိုက်ဘူးငြင်းပေမယ့် မျက်ခုံးတန်းတွေ အသာကျုံ့နေတာကြောင့် အမှန်မဖြေတာကို ရိပေါ်က အလိုလိုသိတယ်။

"အခန်းထဲ ခဏလောက်သွားနားမလား"

"မသွားချင်ဘူး...မင်းနားပဲနေမှာ"

𝓔𝓻𝓻𝓪𝓽𝓲𝓬 𝓛𝓸𝓿𝓮Where stories live. Discover now