အနက်ရောင်Mercedes Benzက မိုးရေတွေကြားက လမ်းမပေါ်တရိပ်ရိပ်ပြေးလွှားနေတယ်....။
ရိပေါ်က ကားမှန်ကိုခေါင်းမှီရင်း အပြင်ကနေ ကားမှန်ကို လာရောက်ထိမှန်နေတဲ့ ရေစက်လေးတွေကို အကြောင်းပြချက်မဲ့စွာ ငေးမောနေတယ်....။
နှုတ်ခမ်းပါးကို လက်တစ်ဖက်နဲ့ အသာထိရင်းလည်း ပြုံးနေသေးတယ်...။
ဦးနှုတ်ခမ်းတွေကမချိုဘူး....ပြင်းရှရှနဲ့ခါးသက်သက်ပဲ.....
ဒါပေမယ့် သူကြိုက်တယ်!
ဦးဆီက စီးကရက်နံ့က သူ့နှုတ်ခမ်းမှာ စွဲနေတုန်းပဲ....။ဒီလူကြီးက ဘယ်လောက်တောင် စီးကရက်တွေ သောက်နေတာလဲ....။ကျန်းမာရေးထိခိုက်တယ်ဆိုတာ ဒီလူကြီးနားမလည်ဘူးလား...။ဒါနဲ့ အရင်ကမခံနိုင်တဲ့ ဒီဆေးလိပ်နံ့ကလည်း အခု စောက်ရမ်းမိုက်နေသလိုပဲ.....။
ချီးပဲ!စီးကရက်အနံ့ကတောင် ဘာလို့ ဒီလောက်ဆွဲဆောင်မှုရှိနေရတာလဲ!!
"Boss....MDရှောင်းကျန့်ကို ဘာလို့အဲ့လိုသွားလုပ်လိုက်တာတုန်း........Bossသူ့အကြောင်းကို ကောင်းကောင်းသိလို့လား...."
ရှေ့ခန်းက Venexa ကလည်ပင်းကြီးနောက်ကိုစောင်းလာပြီး မေးတယ်...။
"မသိဘူး!လမ်းကြည့်မောင်း....သေကုန်မယ်..."
ရိပေါ်ရဲ့ ခပ်ပြတ်ပြတ်အဖြေကြောင့် Venexa ကစိတ်ဆိုးပြီး စူပုတ်ပုတ်နဲ့ ရှေ့ပြန်လှည့်သွားတယ်....။
"Bossကို စိတ်ပူလို့မေးနေတာလေ...ဒီလောက်ချေနေစရာလိုလို့လား....။မသိတဲ့လူတစ်ယောက်ကို သွားနမ်းတယ်တဲ့...။ယုံရမှာလား....."
Venexa ပွစိပွစိနဲ့ခပ်တိုးတိုးပြောလိုက်တာကို နားပါးတဲ့ ရိပေါ်ကကြားဖြစ်အောင်ကြားလိုက်တယ်....။ဒီအမျိုးသမီးက အလုပ်ထုတ်ခံချင်နေတာလား....သူကမသိဘူးဆို မသိဘူးပေါ့.....အရစ်ကိုရှည်တယ်.....။
သူက ဦးအကြောင်း မသိရုံတင်မကဘူး...။နာမည်ကိုရော ဘယ်လိုလူဆိုတာကိုရောမသိခဲ့ဘူး...။သူသိတာက ဦးဆိုတဲ့နာမ်စားလေးရယ်နဲ့ Gardaniaပန်းရနံ့ခပ်ပျပျနဲ့ ဦးရဲ့ကိုယ်သင်းရနံ့ရယ်ပဲ ရှိတယ်ဆိုတာသိရင်တော့ Venexa ကသူ့ကို ရူးနေတာလားလို့ပိတ်အော်ဦးမှာပဲ.....။