ရိပေါ် ငုတ်တုတ်ထိုင်နေရင်း ခေါင်းပေါ်မိုးစက်တွေ မကျတော့လို့ မိုးတိတ်ပြီလား တွေးနေတုန်း ခေါင်းပေါ်လေးခနဲ ကုတ်အင်္ကျီတစ်ထည်က လွှမ်းမိလျက်သား။"အအေးမိလိမ့်မယ် ခေါင်းမမာနဲ့ ပြန်တော့"
အလွတ်ရနေတဲ့ ခပ်ပျံ့ပျံ့ ကိုယ်သင်းနဲ့ ခပ်ရှရှအသံကြောင့် ရိပေါ်ဇတ်ခနဲ ထရပ်လိုက်တယ်။
"ဦး..."
မေးဖို့ပြင်လာသမျှ စကားလုံးတွေက လည်ချောင်းဝတင် နစ်ဝင်ပျောက်ကွယ်သွားရတယ်။
ရိပေါ်ကို ထီးအကြည်လေးမိုးပေးပြီး မိုးဖွဲထဲရပ်နေတဲ့ ဦးက လည်ထောင်ဆွယ်တာအနက်ရောင်ထဲ နစ်မြှုပ်နေပြီး မြင်နေကြပုံစံထဲက ကွဲထွက်နေတယ်။
မျက်နှာမမြင်ရအောင် ခေါင်းကို ခပ်ငဲ့ငဲ့ငုံ့ထားပြီး လက်တွေအနည်းငယ်တုန်ယင်နေတဲ့ ဦးကနည်းနည်းမူမှန်မနေဘူး။
"ကိုယ့်မှာ ပေးစရာဘာအကြောင်းပြချက်မရှိဘူး အဲ့တာကြောင့် ပြန်တော့"
ဦးက ထီးအကြည်လေးကို ရိပေါ်လက်ထဲထည့်ပေးရင်း ပြောတယ်။
ဒါပေမယ့် ရိပေါ့်  ဦးရဲ့အက်ရှရှအသံနဲ့ စကားထဲကိုအာရုံမရောက်ဘူး။သူက လက်ထဲထည့်ပေးလာတဲ့ ထီးလက်ကိုင်ရိုးဆီက ပူနွေးနွေးစိုစွတ်စွတ် အထိအတွေ့ကြောင့် ထီးရဲ့ လက်ကိုင်ဖြူဖြူလေးကို သေချာစိုက်ကြည့်မိနေတယ်။
ဒါတွေက...သွေးတွေမလား။
ထီးပေးပြီး လှည့်ထွက်ကျောပေးလှည့်ထွက်ဖို့ လုပ်တဲ့ဦးကို လက်ကို လှမ်းဆွဲထားလိုက်တယ်။ဦးလက်က သိသိသာသာတုန်ယင်ပြီး အေးစက်နေတယ်။
"ဦး...လက်က ဘာဖြစ်တာလဲ"
ရိပေါ်မေးလိုက်တော့ ဦးက စောင့်ရုန်းလာတာမို့ ထီးပါ လွှတ်ချပြီး လက်နှစ်ဖက်နဲ့ အတင်းချုပ်ရတယ်။ လက်ကို ဆွဲလှန်ကြည့်တော့ လက်ဝါးတစ်လျှောက် ပြတ်ရှရာခပ်ကြီးကြီးက သွေးတစိမ့်စိမ့်...။