Erratic Love - 8

6.7K 964 78
                                    

ရုတ်တရတ်ထခေါ်တဲ့ အစည်းအဝေးမို့ CEO လာမတက်နိုင်ပေမဲ့ တစ်ယောက်မှလေမကျယ်ရဲဘဲ အစည်းအဝေးခန်းက ငြိမ်သက်နေတယ်။

Alphraရဲ့ ဈေးကွက်အခြေအနေကို ရှင်းပြနေတဲ့ မန်နေဂျာချုပ်ရဲ့ အသံကလွဲရင် တစ်ခန်းလုံးနီးပါးတိတ်ဆိတ်နေတယ်။

နဂိုတည်းက MDရှောင်းကျန့်ရှေ့ရောက်ရင် အလိုလိုဖိအားများရတတ်တဲ့အထဲ သတင်းပေါက်ကြားမှုနဲ့ အဖမ်းခံရတဲ့ ဒါရိုက်တာက အမှုစစ်ဆေးဆဲကာလမှာပဲ သတ်သေသွားတယ်ဆိုတဲ့ သတင်းထွက်လာတာမို့ ပိုတုန်လှုပ်နေကြတယ်။

အခန်းထဲရှိသမျှလူတိုင်း အသက်တောင် ကောင်းကောင်းမရှူရဲဘဲ MD ကို စေ့စေ့တောင် မော့မကြည့်ရဲ ။

MDကိုယ်တိုင် ဈေးကွက်ထဲကအခြေအနေကို သွားစစ်ဆေးပြီးပြီးချင်း အစည်းအဝေးထခေါ်တာဖြစ်လို့ ပြဿနာတစ်ခုခုရှိနေပြီမှန်းတော့ အကြမ်းဖျင်းမှန်းနိုင်တယ်။

တခြားဘယ်သူမှ မကြည့်ရဲလို့ မတွေ့ပေမယ့် ဘေးမှာ ရပ်နေတဲ့ ဟောက်ရွှမ်းကတော့ ရှောင်းကျန့် မျက်နှာကို သေချာတွေ့ရတယ်။

စိတ်ဆိုးဆိုးနဲ့ အစည်းအဝေးထခေါ်တဲ့ MDက ရောက်စကတည်းက အစည်းအဝေးထဲ အာရုံမရောက်ပဲ သူ့မျက်စောင်းထိုးမှာ ထိုင်နေတဲ့ တစ်စုံတစ်ယောက်ဆီကို ခဏတိုင်း အကြည့်ရောက်ရောက်နေတယ်....။

မနက်Assignmentတင်ဖို့ စာတစ်လုံးမှမသိလို့ ကိုယ်တိုင်ပြန်လေ့လာနေရလို့ ညလုံးပေါက်မအိပ်ရသေးတဲ့ ရိပေါ်က ဦးကိုတွေ့ချင်တဲ့ စိတ်လေးနဲ့တင် အတန်းပြီးပြီးချင်း အစည်းအဝေးကို ထပြေးလာတယ်။
ခါတိုင်းနေ့တွေလို ခပ်ပြောင်ပြောင်ထိုင်မကြည့်နေနိုင်ဘဲ အစည်းအဝေးစကတည်းက မထိန်းနိုင်မသိမ်းနိုင် မျက်လုံးတွေကလေးလာတယ်။

ဘေးက Venexa က နှိုးပေးနေတဲ့ကြားက တစ်ချက်တစ်ချက်ဆို နောက်ပါလန်ကျမတတ်။

မန်နေဂျာချုပ်တင်ပြလို့ပြီးတဲ့အခါ ငိုက်နေတဲ့ကောင်လေးဆီက အကြည့်မရွှေ့တဲ့ MDကနေရာကထလာပြီး အစည်းအဝေးခန်းအလယ်လျှောက်လာတယ်။

MDဘယ်ကို ကြည့်နေလည်း သတိထားမိတဲ့သူတွေကတော့ ဒါရိုက်တာဝမ်ရိပေါ်အစား ကျောချမ်းနေကြတယ် ။ MD ကိုယ်တိုင်ခေါ်ထားတဲ့ အစည်းအဝေးကို သူမို့မကြောက်မလန့် အိပ်ငိုက်ရဲတယ်။

𝓔𝓻𝓻𝓪𝓽𝓲𝓬 𝓛𝓸𝓿𝓮Where stories live. Discover now