Erratic love -13

7.1K 834 211
                                    

luggage ထဲက အဝတ်အစားတွေကို ဗီရိုထဲပြောင်းထည့်ပြီးတော့ အရောင်ခပ်မှိုင်းမှိုင်း အခန်းကို ရိပေါ်တစ်ချက်ဝေ့ကြည့်လိုက်တယ်။
မီးခိုးရောင် ခပ်မှိုင်းမှိုင်းအခန်းက ဒီလောက်သဘောကျစရာကောင်းတယ်လား...။
ဘာအရောင်ဆိုတာထက် ဦးနဲ့အနီးဆုံးမှာရှိနေခွင့်ရတယ်ဆိုတာက သဘောကျစရာကောင်းသွားတာဖြစ်မယ်။

အခန်းပြင်ထွက်လိုက်ပြီးတော့ မျက်နှာချင်းဆိုင်က အခန်းတံခါးကို ကျေကျေနပ်နပ်ငေးတယ်။
ဦးလို့ ခေါင်းစဉ်တပ်လိုက်ရင် အရာရာက ငေးဖို့ ထိုက်တန်နေတယ်။

ဘယ်သူကစတွဲတဲ့ လက်ရယ်မပြောတတ်ပေမယ့် တွဲတော့ တွဲမိသွားတာပါပဲ။
အခု သူက ဦးရဲ့ကောင်လေးဆိုတာ တွေးမိတော့ ထခုန်ချင်လာပြန်တယ်။
ဘေးကကြည့်နေရင် သူက အရူးလေးနဲ့တူနေမယ်ထင်တယ်။

အောက်ထပ်ကို ပြန်ဆင်းလာတော့ ထမင်းစားခန်းထဲက မွှေးပျံ့နေတဲ့ဆန်ပြုတ်နံ့ကြောင့် နေ့လည်စာမစားရသေးတဲ့ အစာအိမ်က ဆန္ဒပြလာတယ်။

ထမင်းစားခန်းထဲ ဝင်လာတော့ ထမင်းစားပွဲပေါ်မှာ ဆန်ပြုတ်တစ်ပန်းကန် ဆေးတစ်ကဒ်နဲ့ စာရွက်ခေါက်ဖြူဖြူလေးကို တွေ့တယ်။
ဆန်ပြုတ်က အငွေ့ထနေဆဲဖြစ်ပေမယ့် ဘယ်သူမှရှိမနေဘူး။ဦးက အပြင်ထွက်သွားပုံရတယ်...။

စားပွဲမှာ ဝင်ထိုင်ပြီး စာရွက်ခေါက်လေးကို ဖြေဖတ်ကြည့်တော့ ခပ်စောင်းစောင်းလက်ရေးလေးတွေက ဆီးကြိုတယ်။

**စားပြီးရင် ဆေးသောက် မင်းဖျားချင်နေတယ်**

ရိပေါ် အယောင်ယောင်အယမ်းယမ်းနဲ့ ကိုယ့်နဖူးကိုယ် စမ်းကြည့်လိုက်မိတယ်။သာမန်ထက် နည်းနည်းလေးနွေးနေတယ်။

ရင်ထဲဖြတ်သန်းသွားတဲ့ ခံစားချက်ကလေးက အေးအေးငြိမ့်ငြိမ့်လေး...။

ကိုယ်ချစ်တဲ့သူဆီက ဂရုစိုက်မှုဆိုတာ သေးသေးလေးဆိုရင်တောင် ရင်ထဲခမ်းခမ်းနားနား...။

ဆန်ပြုတ်ကို စားကြည့်လိုက်တော့ ရိပေါ် ဆန်ပြုတ်ပြတ်ချင်သွားတယ်။
ဆားမေ့ခဲ့ပုံရတဲ့ ဆန်ပြုတ်က ဘယ်သူလုပ်ထားလဲ မေးစရာမလို...။

မီးဖိုထဲဝင် ဆားရှာထည့်ပြီးပဲ ဆက်စားလိုက်တယ်။
အခိုင်းအစေမထားတဲ့ ဦးက သူရောက်မလာခင်တုန်းက ဘာနဲ့များ စားသောက်ပြီးနေပါလိမ့်...။

𝓔𝓻𝓻𝓪𝓽𝓲𝓬 𝓛𝓸𝓿𝓮Where stories live. Discover now