Episode-3

1.7K 240 60
                                    

(Unicode)

သိပ်ချောလွန်းသောကောင်လေးတစ်ဦးနှင့် သိပ်ချစ်ဖို့ကောင်းသောကောင်လေးတစ်ဦး။ ဘာစကားမှဆက်မပြောနိုင်ပဲ တ​ဦးနှင့်တဦးကြည့်နေမိသည်မှာ အချိန်နာရီစက္ကန့်တွေတောင်မေ့ကုန်သည်အထိ။

"ဟေ့...ဘာဖြစ်သွားတာလဲ။ ငါပေးတဲ့လက်ဆောင်ကိုမကြိုက်ဘူးလား"

Jungwonမျက်လုံးတို့အား ဆက်ကြည့်နိုင်စွမ်းမရှိတော့၍ ဦးစွာSunghoonမှစကားပြန်စလိုက်တော့သည်။ ထိုအခါမှ ပြန်၍အသိဝင်လာသူကJungwon။

"မ...မဟုတ်ပါဘူး။ ဒီလိုဝံပုလွေပုံစံပါတဲ့ကြိုးကို မျိုးနွယ်ကြိုးလို့မင်းကပြောလိုက်တော့ ငါအတွေးလွန်သွားတာပါ"

စကားစတာSunghoonဆိုပင်မဲ့ အကြည့်အရင်လွှဲမိသူကတော့Jungwonပင်။ သူ့ရင်ထဲဘာကြောင့်မှန်းမသိ မသက်မသာခံစားနေရသည်။

သူခံစားနေရသည်ကိုရိပ်မိသည်ထင်...Sunghoonဆီမှ ရီသံထွက်လာတော့သည်။ ထိုအခါ Jungwon၏ပန်းနုရောင်နှုတ်ခမ်းလေးက ​ရှေ့အားအော်တိုမက်တစ်စူထွက်လာလေတော့သည်။

"ဘာရီတာလဲကွမင်းက"

"ငါကဒီတိုင်း ပါးစပ်ထဲရှိရာပြောလိုက်မိတာကို မင်းကအတွေးလွန်ပြီးလျှောက်တွေးနေတော့ ငါကရီချင်တာပေါ့ကွာ။ ဒီဆွဲကြိုးနဲ့ဆွဲပြားလေးက ငါ့အမေငါ့ကိုပေးခဲ့တဲ့လက်ဆောင်လေးပါ။ အခုကမင်းမွေးနေ့မို့လို့ ငါ့အတွက်တန်ဖိုးရှိတဲ့အရာကို ငါကမင်းကိုပေးတာ။ မင်းကဘာတွေများတွေးနေတာလဲ"

Sunghoonမှာသွားစွယ်လေးများပေါ်အောင်ရီရင်း
ခပ်ပြုံးပြုံးဖြင့်ပြောလာတော့ Jungwonတယောက်အတွေးလွန်မိတဲ့ကိုယ့်ကိုယ့်ကိုသာကျိန်ဆဲမိတော့သည်။

ဒါအိမ်မက်ထဲကဟိုလူကြီးမကောင်းလို့...

"ပေး...ငါမင်းကိုဆွဲပေးမယ်"

Jungwonလက်ထဲမှဆွဲကြိုးလေးအားယူပြီး Jungwonကိုနောက်သို့လှည့်စေလိုက်သည်။ ထို့နောက် သူကိုယ်တိုင်ဆွဲကြိုးလေးအားဆွဲပေးလိုက်သောအခါ ​မာန်အပြည့်နှင့်ဆွဲပြားလေးက Jungwon၏ရင်ဘက်ဖြူဖြူလေးပေါ်တွင်ထင်းခနဲ့။

"From now on, you are mine, poor wonie"

နားနားသို့ကပ်ကာ လေသံလေးနှင့်တိုးတိုးပြောလိုက်သောSunghoonကြောင့် Jungwonလှည့်ကြည့်လိုက်မိသည်။

Eternity{ENHYPEN fanfic}Where stories live. Discover now