(Unicode)
"ဒီမှာလည်းမရှိဘူး"
မည်သူတဦးတယောက်မျှမရှိသောအခန်း၊ အေးစက်နေသောကုတင်တို့အားကြည့်၍ နှုတ်ခမ်းလေးစူကာရေရွတ်လိုက်သောကောင်ငယ်လေး။ သူ့ခမျမျှော်နေသူကပေါ်မလာလေတော့ သူပဲအလျှော့ပေးကာ လာရောက်တွေ့ဆုံခဲ့သော်လည်း ချစ်ရသူကိုရှာမတွေ့ခဲ့။
"ဘယ်တွေသွားနေမှန်းမသိဘူး။ ပြန်လာလို့ကတော့ငါနဲ့တွေ့ဦးမယ်"
မကျေမချမ်းရေရွတ်လိုက်မိသောJake။ တွေ့ချင်ပါသည်ဆိုမှ Sunghoonအားမည်သည့်နေရာတွင်မှရှာမတွေ့။
တကယ်ဘယ်တွေများသွားနေတာလဲ...
မကျေမနပ်နှင့်စူပုတ်ပုတ်လေးပင် ကော်ရစ်ဒါတလျှောက် အကြောင်းမဲ့လျှောက်လာလိုက်သည်။ အိမ်ကြီးကလည်းတိတ်ဆိတ်လို့။
"Ni-Kiမနေ့ညကသူ့အိမ်ပြန်သွားတယ်ထင်နေတာကို ပြန်မလာဘူးပဲ။ ကြည့်ရတာSunooအခန်းမှာပဲအိပ်လိုက်တယ်ထင်တယ်"
သက်ရှိတဦးမျှမရှိပဲ တိတ်ဆိတ်ခြောက်ကပ်နေသောအိမ်ကြီး၌ Jake၏အသံသာပဲ့တင်ထပ်လျက်။
ထိုစဥ် နားပါးသောJakeတယောက် ရင်းနှီးနေသောခြေသံတခုအားကြားလိုက်ရတော့သည်။
ဒီခြေသံအားသူကောင်းကောင်းသိပါသည်။
သူ့စောင့်မျှော်နေသည့် ချစ်ရသူ၏ခြေသံ။
ခြေသံလာရာအားလှည့်ကြည့်လိုက်လေတော့ တကယ်ပင်သူချစ်ရသူSunghoonဖြစ်နေတော့သည်။
"Park Sunghoonမင်းဘယ်တွေသွားနေတာလဲ။ ညကဘာလို့လိုက်မလာ...အဲ...ဘာလို့အိမ်ပြန်မလာတာလဲ"
Jakeမှမေးလိုက်သော်ငြား Sunghoonမှာဘာမှပြန်မဖြေ။
သူမကြား၍များလား???
မဖြစ်နိုင်...Sunghoonသည်သူ့ထက်ပင်ပို၍နားပါးသေးသည်လေ။ ထို့ပြင် ပုံမှန်ဆိုလျှင် သူ့အားတွေ့လျှင် သခင်အားတွေ့သည့်ပါပီပေါက်လေးအလား Sunghoonဝမ်းသာအားရ သူ့အနားပြေးလာပါလိမ့်မည်။ ယခုတော့ထိုသို့မဟုတ်...တလှမ်းချင်းလျှောက်လာနေဆဲ။
"Sunghoonမင်းငါပြောတာကြားလား"
သင်္ကါမကင်းသည့်စိတ်နှင့်အတူ မေးလိုက်မိသောJake။ Sunghoonကတော့ဘာမှပြန်မဖြေပြန်။ သို့သော် ဒီတခေါက်တော့ Sunghoonသူ့အားမော့ကြည့်လာပါသည်။
YOU ARE READING
Eternity{ENHYPEN fanfic}