Episode-6

1.5K 231 58
                                    

(Unicode)

"ဘာလို့Sunghoonကို ​​ပြသနာသွားရှာတာလဲJakeလေး"

အလင်းရောင်မရှိ ​မှောင်မဲနေသောအခန်းကျဥ်းလေးထဲမှ ထွက်ပေါ်လာသောအေးစက်စက်အသံတခု။ ပြတင်းပေါက်မရှိ၊ အလင်းရောင်မရှိ၊ ရေခဲတမျှအေးစက်နေသောအပူချိန်နှင့် အမြဲမှောင်မဲနေတတ်သောဒီအခန်းအား Jakeသေမတက်ကြောက်ပါသည်။ သို့သော် သူအမှားလုပ်မိတိုင်း Heeseungမှသူ့အားဒီထဲခေါ်လာဆဲ။

အခုလည်း ​မှောင်မိုက်နေသောအခန်းကြမ်းပြင်တွင် Jakeဒူးထောက်ထိုင်နေရသည်။ Heeseungကတော့သူ့အား လှည့်ပတ်၍တလှမ်းချင်း ​​ဖြေးငြင်းစွာလျှောက်နေလေသည်။ မျက်နှာပေါ်တွင်တော့ အပြုံးတခုကနေရာယူထားဆဲ။

"Hyungမေးနေတယ်လေJakeလေး"

"ဟို...SunghoonကJungwonကို သူတို့werewolfမျိုးနွယ်ကြိုး ပေးလိုက်လို့ပါ"

"မျိုးနွယ်ကြိုးလား..."

"ဟုတ်..."

"Haha...စိတ်ဝင်စားစရာပဲ"

ရီသံလေးစွတ်၍ပြောလာသောHeeseungကြောင့် Jakeအလန့်တကြားမော့ကြည့်လိုက်မိသည်။ အမှောင်ထဲမှပြုံးနေသည့်Heeseungသည် မကောင်းဆိုးဝါးတကောင်အလား။

"Hyungစိတ်မပူဘူးလား"

"ဘာကိုလဲ"

"မျိုးနွယ်ကြိုးပေးတယ်ဆိုတဲ့အဓိပ္ပါယ်က အဲ့ကောင်လေးကသူတို့မျိုးနွယ်အပိုင်ဆိုတဲ့ အဓိပ္ပါယ်ပဲလေ"

"အင်း...အဲ့ဒီတော့"

အခုချိန်ထိ အပြုံးမပျက်ပြန်မေးနေသောHeeseungအား Jakeတကယ်နားမလည်နိုင်ဖြစ်ရသည်။

"အဲ့ဒါပြသနာပဲလေhyung။ အဲ့Jungwonဆိုတဲ့ကောင်လေးကို Jay hyungကဘယ်လောက်ချစ်သလဲhyungသိနေတာပဲ။ အဲ့ဒါကြောင့်လည်း အဲ့ကောင်လေး၁၇နှစ်ပြည့်ရင် လာခေါ်မယ်လို့တောင်ပြောထားတာလေ။ ဒါကို Sunghoonကအခုလိုလုပ်လိုက်တော့ Jay hyungကိုစိန်ခေါ်သလိုဖြစ်မသွားဘူးလား။ အဲ့လိုသာဆို မျိုးနွယ်စုနှစ်ခုကြားပြသနာတွေ..."

ရုတ်တရက်Jakeပြောလက်စစကားတို့ ရပ်တန့်သွားတော့သည်။ အကြောင်းမှာ သူ့၏နှုတ်ခမ်းလေးပေါ်တွင် Heeseung၏လက်ညှိုးသွယ်သွယ်လေးက နေရာယူလိုက်သောကြောင့်ဖြစ်လေသည်။

Eternity{ENHYPEN fanfic}Where stories live. Discover now