Episode-8

1.3K 214 66
                                    

(Unicode)

"ကျွန်တော်နဲ့ကမလား"

သက်ရှိအရုပ်ကလေးဆီမှထွက်ပေါ်လာသော တိုးညှင်းသည့်စကားသံလေး။ Jungwonမှင်တက်နေမိပြီး ဘာဆိုဘာမှပြန်မဖြေနိုင်။ ထိုသက်ရှိအရုပ်ကလေးကတော့ သူ့အားမော့ကြည့်နေလေသည်။

ထို့နောက် ထိုကောင်လေး၏သေးသွယ်သောလက်လေးမှာ ဖြေးညှင်းစွာလှုပ်ရှားလာပြီးနောက် လက်ထဲကိုင်ထားသည့် Teddy bearအရုပ်လေးအားပစ်ချလိုက်တော့သည်။ Jungwonတယောက် မလှုပ်မရက်နှင့်ပဲ ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည့်အရုပ်ကလေးအား အကြောင်းပြချက်မဲ့စွာလိုက်ကြည့်နေမိသည်။

ထိုစဥ် မျက်စိရှေ့ကောင်လေးမှစတင်လှုပ်ရှားလာပြီး သူ့လက်နှစ်ဖက်အား အသာဆုတ်ကိုင်လာလေသည်။ ထိုကောင်လေး၏လက်နှစ်ဖက်မှာ သေးသေးသွယ်သွယ်ပင်။ သို့သော် အေးစက်လှသည်။ လူသာမန်၏အပူချိန်လောက်တောင်မရှိနိုင်။

အေးစက်စက်အထိတွေ့ကြောင့် Jungwonပင်မှင်တက်နေမိပြီး သူကိုယ်တိုင်တောင်အေးစိမ့်စိမ့်ခံစားလာရတော့သည်။ သူ​ကြောင်တောင်တောင်ဖြစ်နေစဥ်တွင်ပဲ ထိုကောင်လေးမှစတင်လှုပ်ရှားလာလေသည်။

တစ်လှမ်း...နှစ်လှမ်း...

အသာရွေ့လျားနေသော ထိုကောင်လေး၏ခြေလှမ်းတို့နောက် Jungwonလိုက်ပါလှမ်းမိနေသည်။ ဘယ်အရာကတွန်းအားပေးနေသလဲသူမသိပေ။

မီးအလင်းရောင်မရှိသော ခမ်းနားသည့်ခန်းမကျယ်ကြီးထဲ သံစဥ်မဲ့လှုပ်ရှားနေမိသည်မှာ အချိန်အတော်ကြာသည်အထိ။

​ခြေထောက်ဆီမှညောင်းကိုက်ခြင်းကိုခံစားလိုက်ရချိန်တွင်တော့ ထိုကောင်လေးလည်း ရုတ်တရက်ရပ်တန့်လိုက်လေသည်။ Jungwonသူ့မျက်စိရှေ့မှကောင်လေးကိုကြည့်လိုက်တော့ ခေါင်းလေးငုံ့နေလေသည်။

ရုတ်တရက်ကြီးငြိမ်ကျသွားသောကောင်လေးကြောင့် Jungwonဘာဆက်လုပ်ရမည်မသိတော့။ ဒီနေရာကိုရောက်ပြီးကတည်းက အမြဲကြောင်တောင်တောင်နှင့် အနေခက်နေမိသည်မှာ ဘယ်နှစ်ကြိမ်မြောက်မှန်း ရေတောင်မရေနိုင်တော့ပေ။

"ဟို...ဟိုလေ..."

Jungwonဘက်မှအသံစလိုက်တော့ ထိုကောင်လေးမှလည်းမော့ကြည့်လာသည်။ ဒီတခါတော့ထူးခြားစွာပင် ထိုကောင်လေးမျက်လုံးထဲတွင် မျက်ရည်စများအားတွေ့လိုက်ရသည်။ သို့သော် သာမန်မျက်ရည်စများမဟုတ်ခဲ့...သွေးမျက်ရည်များဖြစ်နေလေသည်။

Eternity{ENHYPEN fanfic}Where stories live. Discover now