Extra-3

1.3K 178 314
                                    

(Unicode)

ထူးတော့ထူးဆန်းနေသည်။

သိသိသာသာကြီးကိုထူးဆန်းနေသည်။

Jayတယောက် မည်သူတဦးတယောက်မှမရှိသော အိမ်ရှေ့မြေကွက်လပ်အားကြည့်၍ တွေးနေမိခြင်းဖြစ်သည်။

ပုံမှန်ဒီချိန်ဆိုလျှင် Daeunလေးကအငယ်သုံးယောက်နှင့် မျောက်ရှုံးအောင်ဆော့နေပေလိမ့်မည်။ Sunghoonကတော့စိုက်ခင်းတွင် ရှင်မှန်းမသိသေမှန်းမသိသောအပင်များအား အားကြိုးမာန်တက်စိုက်နေလိမ့်မည်။ အိမ်ရှေ့ခုံတန်းလေးတွင်လည်း Jakeပွစိပွစိပြောသမျှကို Heeseungကရှင်းပေးနေလိမ့်မည်။

အမြဲအသက်ဝင်နေတတ်သောသူတို့နေရာသည် ယနေ့တွင်တော့ ထူးဆန်းစွာပင်တိတ်ဆိတ်နေတော့သည်။ မည်သူဆိုမည်သူ့ကိုမှမတွေ့ရခြင်းသည် ပုံမှန်မဟုတ်။

အကုန်ဘယ်များသွားကြတာပါလိမ့်...

"ဦးဦးJayJay...ဦးဦးJayJay"

သူဟိုကြည့်ဒီကြည့်ကြည့်နေစဥ် နားထဲဝင်လာသောအသံလေး။ အသံလာရာကြည့်လိုက်လေတော့ လုံးတုံးလုံးတုံးနှင့်ပြေးလာသောDaeunလေး။ အဖြူရောင်ဂါဝန်လေးအား ချစ်စဖွယ်ပုံ့ပုံ့လေးဝတ်ဆင်ထားကာ ဆံပင်လေးအားဖဲကြိုးအဖြူလေးစီးထား​သေးသည်။

နဂိုကတည်းကချစ်ဖို့ကောင်းသောDaeunလေး ဒီနေ့ပို၍တောင် ချစ်စဖွယ်ဖြစ်နေတော့သည်။

"Daeunလေး"

"ဦးဦး"

အနားရောက်လာသောDaeunလေးသည် အသင့်စောင့်နေသောJayရင်ခွင်ထဲ တန်းပြေးဝင်လာတော့သည်။ Jayသည်လည်းအလိုက်သင့်လေး ပြန်လည်စီးဖက်ပေးလိုက်မိသည်။

"Daeunလေးဘယ်တွေသွားနေတာလဲ။ ဘယ်သူ့မှမတွေ့လို့ဦးဦးက လိုက်ရှာနေတာ"

ပြေးလာ၍မောနေသောDaeunကျောပြင်လေးအား ဖွဖွလေးပွတ်ပေးရင်း Jayအသာမေးလိုက်မိသည်။

"အဲ့ဒါကလေ မီးမီးတို့ပျော်ပွဲစားထွက်နေတာ"

"ပျော်ပွဲစား???"

Jayကြောင်မိသွားသည်။ မည်သူမှသူ့အားဒီအကြောင်းပြောမပြ။ မနေ့ညတင်မက ဒီနေ့မနက်ထိတောင် သူSunghoonနှင့်စကားပြောသေးသည်လေ။ Sunghoonသည်သူ့အား ပြုံးစိပြုံးစိကြည့်နေသည်ကလွဲ၍ ကျန်တာအားလုံးပုံမှန်ပါပဲ...ပျော်ပွဲစားအကြောင်းဘာမှမပြောခဲ့။

Eternity{ENHYPEN fanfic}Where stories live. Discover now