Episode-24

1.4K 221 256
                                    

(Unicode)

ပြောသင့်သည်အားပြောပြီး၍ ငြိမ်နေသူကငြိမ်နေသည်။

ပြောချင်သည်များအများကြီးရှိသော်လည်း စိတ်သွားရာခန္ဓာကိုယ်ကမလိုက်နိုင်၍ ငြိမ်နေသူတို့ကငြိမ်နေသည်။

အတွေးများအားသေချာမစုစည်းနိုင်ပဲ အရာအားလုံးအားလက်ခံနိုင်ရန်ခက်ခဲနေ၍ ငြိမ်နေသူတို့ကငြိမ်နေသည်။

အခန်းထဲရှိသူအားလုံး တိတ်ဆိတ်ငြိမ်သက်နေဆဲ။

ဒီအခြေနေနှင့်သင့်တော်မည့်စကားလုံးအား မည်သူမှမရွေးချယ်တတ်တော့။

"ဘယ်အရာက...အမှန်တရားပဲ...ဖြစ်နေပါစေ...ငါJungwonကိုချစ်တယ်။ Jungwonက...ငါ့ညီလေးပဲ"

တိတ်ဆိတ်နေသောအခြေနေကြားမှ ရုတ်တရက်ထပြောသောSunoo။

ထိုSunoo၏စကားတို့သည် သူတို့အားလုံးအား အမှောင်ထဲရောက်နေချိန် မျှော်လင့်ချက်အလင်းရောင်လေးပေးလိုက်သည့်နှယ်။ အားလုံးတယောက်မျက်နှာတယောက်ကြည့်မိပြီး မတိုင်ပင်ပါပဲနှင့် ပြုံးမိကြတော့သည်။

Ni-Kiကတော့အသာသာ။ သူ့စိတ်ထဲတစုံတခုအားမကျေနပ်သေး။ သို့သော် အချိန်ကောင်းမဟုတ်သေး၍ သူငြိမ်နေလိုက်မိတော့သည်။

"ဟုတ်တယ်...ဘယ်အရာကအမှန်တရားပဲဖြစ်နေပါစေ ငါတို့ကသူငယ်ချင်းတွေဆိုတာကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး။ Sunghoonကိုလည်းငါချစ်နေဆဲဖြစ်သလို မင်းတို့ကိုလည်းငါချစ်တာပဲ"

Sunooပခုံးလေးအားကိုင်ကာ အပြုံးလေးနှင့်Jakeပြောလိုက်တော့ ကျန်သူများကခေါင်းငြိမ့်ပြလာတော့သည်။ ခုနကနှင့်မတူ ပြန်လည်အသက်ဝင်လာသည့်အခြေနေကြား Jayတယောက်စနောက်ချင်စိတ်ပေါ်လာပြန်သည်။ ထို့ကြောင့်ပင်

"တယောက်နဲ့တယောက်ချစ်မှန်းသိပင်မဲ့ Sunghoonအပေါ်ထားတဲ့မင်းအချစ်တွေကို အဲ့လိုထုတ်ကြွားစရာလိုလို့လားJake။ ဥပမာပေးပြီးပြောတာလား ဒါမှမဟုတ် အတွဲမရှိတဲ့ငါတို့ကိုနှိမ်တာလား"

Jayတယောက် မျက်နှာတည်တည်နှင့်ပဲ စလိုက်လေတော့ Jakeမှာနားရွက်များ ရဲတက်လာပြန်သည်။ နဂိုကတည်းက အသားဖြူသည့်အပြင် အသားဖျော့တော့သောvampireမျိုးဖြစ်လေတော့ နားရွက်နှစ်ဖက်မှာခရမ်းချဥ်သီးများအလား...ရဲတက်နေလေတော့သည်။

Eternity{ENHYPEN fanfic}Where stories live. Discover now