Episode-27

1.5K 232 257
                                    

(Unicode)

"ငါပြောင်းလဲပေးလိုက်တဲ့ မှတ်ဉာဏ်အတုတွေထဲမှာနှစ်မြှုပ်နေပြီး ငါ့ကိုတန်းတန်းစွဲချစ်နေခဲ့တဲ့မင်းကိုကြည့်ရတာ သိပ်ပျော်ဖို့ကောင်းတာပဲJayရာ"

အပြုံးတခုနှင့်ပဲ အေးစက်စွာပြောလာသော အားလုံးအာရုံစိုက်နေသည့်Wonwon။ Jayတွင်ပြန်ဖြေစရာအဖြေမရှိ။

သူပြောသည်မှာမှန်လားဆိုလျှင်မမှန်။ မှားလားဆိုတော့လည်းမမှား။ လက်သီးကျစ်ကျစ်ဆုတ်၍တွေဝေနေသောJay။ သူဘာလုပ်လို့လုပ်ရမည်မသိ။ ဘာပြောလို့ပြောရမည်လဲမသိ။ ထူထဲလှသောမျက်ခုံးအစုံတို့သည်လည်း တွန့်ချိုးနေတော့သည်။

ထိုစဥ်တွင်ပဲ သူ့ရှေ့သို့ရောက်လာသောအရိပ်သေးသေးလေး။ သူငုံ့ကြည့်လိုက်လေတော့ မြင်လိုက်ရသောခေါင်းမဲမဲလုံးလုံးလေးကြောင့် Jungwonမှန်းသိလိုက်သည်။

"မင်းထင်တာတွေပြောမနေနဲ့Wonwon"

နှုတ်ခမ်းလေးတစူစူနှင့် ခပ်စွာစွာလေးပြောလာသောJungwonကြောင့် Jayမှာကြောင်လျက်သား။ အခုဒီကောင်လေး သူ့ကိုကာကွယ်ပေးနေသည်လား။

Jungwonကတော့Jayအားလှည့်မကြည့်သေး...ပြောလက်စကိုသာဆက်ပြောလေသည်။

"မသိရင်မှတ်ထား...ဦးလေးကြီးတကယ်ချစ်တာမင်းကိုမဟုတ်ဘူး...ငါ့ကိုကွ"

လျှာတစ်လစ်လေးပါထုတ်ပြကာ ယုံကြည်ချက်အပြည့်နှင့်ပြောလာသောJungwon။ Heeseungနှင့်Sunooမှာ မျက်ခုံးပင့်လျက်မိသားဖြစ်သွားရသည်။ Ni-Kiမှာလည်း လေလေးပါချွန်လိုက်သေး။ ကာယကံရှင်Jayခမျတော့ ပါးစပ်လေးအဟောင်းသားနှင့်။

"မင်းကယုံကြည်ချက်တွေရှိလှချည်လားJungwonရဲ့"

ခပ်သော့သော့ရီမောလာရင်း ပြောလာသောWonwon။ ထို့နောက် သူ့ဘေးရှိHeeseung၏လက်အားဆွဲလိုက်ပြီး ဆုတ်ကိုင်ထားလိုက်တော့သည်။

"ကိစ္စမရှိပါဘူး။ ငါ့မှာHeeseung hyungရှိတယ်။ တခြားဘယ်သူ့ကိုမှမလိုဘူး"

Wonwonတယောက် Heeseung၏လက်ဖမိုးလေးအား ငြင်သာစွာအနမ်းတပွင့်ကြဲလိုက်ပြီးနောက် ဂုဏ်ဆာစွာပြောလိုက်ပါတော့သည်။ ထိုအခါ

"ဟိုး...ဟိုး...ဒီမှာရပ်ဦး။ ငါတို့လာရင်းကိစ္စလေးလွဲသွားသလိုပဲ"

Eternity{ENHYPEN fanfic}Where stories live. Discover now