(Unicode)
နာရီသံတချက်ချက်မှအပ တိတ်ဆိတ်နေသောအခန်းထဲ။ လုံလောက်သောအလင်းရောင်မရရုံသာမက တိတ်ဆိတ်ခြင်းတို့ကပါကြီးစိုးနေပြန်တော့ ဒီလိုအေးစက်စက်အခြေနေကြီးအား Yang Jungwonတို့မကြိုက်ရေးချမကြိုက်ပေ။ ထို့ကြောင့်ပင်
"အဟမ်း...အဟမ်း..."
ချောင်းလေးအသာဟန့်လိုက်တော့မှ အဝေးသို့ငေးကြည့်နေသောJayသည် Jungwonအားလှည့်ကြည့်လာလေတော့သည်။ မျက်လုံးလေးပုတ်ခက်ပုတ်ခတ်ဖြင့် ကြည့်နေရှာသောJungwonကိုမြင်မှသာ အသာပြုံးပြလာရှာသည်။
"Sorry...ငါအတွေးလွန်သွားမိလို့"
"အင်း...ရပါတယ်"
ထိုအခါမှသာJungwonမှလည်း စိတ်လိုလက်ရပြန်လည်ပြုံးပြလိုက်မိပါသည်။ ဘာကြောင့်မှန်းမသိ ထိုလူကြီးငြိမ်နေလျှင်သူလည်းမနေတတ်။
"ဒါနဲ့ Wonwonကသေသွားပြီဆိုတာကို ဘာလို့Sunoo hyungကကျွန်တော့်ကို Wonwonလို့ခေါ်ရတာလဲ"
"ဘာလို့ဆို မင်းကWonwonပြန်ဝင်စားတဲ့သူမို့လို့လေ"
"အော်..."
ရေတခွက်အားမော့သောက်ရင်း Jayမှလေသံအေးအေးနှင့်ပြောလာပြန်တော့ Jungwonလည်းရောယောင်ထောက်ခံလိုက်မိပါသည်။ သို့သော် သူပြန်တွေးကြည့်လိုက်တော့ သူကြားခဲ့ရသည့်စကားအားသူမရှင်းတော့။
"နေပါဦး...အခုဦးလေးကြီးဘာပြောလိုက်တာလဲ။ ကျွန်တော်ကဘာ"
"မင်းကWonwonပြန်ဝင်စားတဲ့သူလေ"
"ဗျာ..."
Jungwonခမျအော်ဖို့တောင်အားမရှိရှာတော့...ပါးစပ်လေးသာအဟောင်းသားနှင့်။ မသိလျှင် ကြောင်ပေါက်ကလေး ပါးစပ်လေးဟ၍အစာတောင်းနေသည့်နှယ်။ Jayမှာတော့ Jungwonအဖြစ်ကိုပင်သတိမထားမိပဲ စိတ်လိုလက်ရဆက်ပြောနေပြန်သည်။
"Wonwonက သေသွားပြီးနောက်ပိုင်း ငါတို့ဆီအမြဲပြန်လာခဲ့တယ်လေ။ အခုမင်းနဲ့ဆိုအကြိမ်ပေါင်းရာချီတောင်ရှိနေပါပြီ။ သူ့အတွက်တော့ဘယ်တော့မှမလွတ်မြောက်နိုင်တဲ့ ကျိန်စာဆိုးတခုလိုပဲပေါ့"
တကယ်တော့ Wonwonရည်ရွယ်၍ပြန်လာသူမှာ သူ့ဆီသို့ဖြစ်ကြောင်းကိုတော့ Jayဖုံးကွယ်လိုက်မိပြန်သည်။ ကလေးငယ်မှအကြောင်းပြချက်မေးလာလျှင် သူမဖြေနိုင်သောကြောင့်ဖြစ်သည်။ သူလည်းနဲနဲတော့အတ္တကြီးခွင့်ရှိတယ်မဟုတ်လား။
YOU ARE READING
Eternity{ENHYPEN fanfic}