❣❣❣

1.3K 126 140
                                    

(Unicode)

စကားလေးနဲနဲပြောကြရအောင်နော့်😉

Mayလမှာစတင်ခဲ့တဲ့Eternityလေးက (၇)လကြာပြီးတဲ့နောက် ပြီးသွားခဲ့ပါပြီ😭👏✌။ အဲ့လောက်ကြာသွားတယ်လို့မထင်ရအောင်ကို အချိန်တွေအကုန်မြန်ခဲ့ပြီး ကုန်ဆုံးခဲ့တဲ့အချိန်တွေကလည်း တကယ်ကိုပျော်ဖို့ကောင်းခဲ့ပါတယ်။ ဒါကလည်း အစကနေအဆုံးထိစိတ်မပျက်ပဲသည်းခံလိုက်ပါပေးခဲ့တဲ့ စာဖတ်သူလေးတို့​ကြောင့်ပါပဲ။ တကယ်ကိုအများကြီး ကျေးဇူးတင်ပါတယ်နော်🙏❣

တပတ်တပတ်အတူတူရှုပ်ရင်းလည်ရင်းနဲ့ မန့်တွေလည်းအများကြီးမန့်ပေးပြီး အတူတူခံစားပေးကြတာတွေ့ရတော့ ကိုယ်တကယ်ကိုပြောမပြတတ်အောင်အားရှိရပါတယ်။ တော်တော်များများနဲ့လည်း စရင်းနောက်ရင်းရင်းနှီးနေပြီလို့တောင်ထင်ပါတယ်။ ကိုယ့်ဘက်ကပြောတဲ့အထဲမှာ အမှားများပါသွားခဲ့ရင်လည်း ခွင့်လွှတ်ပါလို့ဒီနေရာကနေတောင်းပန်ပါတယ်နော်🙏❣

နောက်တခုအနေနဲ့ ကိုယ်မပြန်လိုက်ရတဲ့မမြင်လိုက်မိတဲ့မန့်တွေရှိကောင်းရှိနေမှာပါပဲ။ ရှိခဲ့သည်ရှိသော် အဲ့ဒါတွေက ကိုယ်မမြင်ချင်ယောင်ဆောင်ပြီး ကျော်သွားတာမျိုးလုံးဝမဟုတ်ပါဘူးနော်။ တကယ်ကိုမမြင်လိုက်မိတာပါ။ တချို့ဆိုအစအပိုင်းတွေမှာမန့်ထားပင်မဲ့ ကိုယ့်ဆီမှာnotiမတက်လို့ လုံးဝမသိပဲနောက်ကျတာမျိုးတွေလည်းရှိနေလို့ တကယ်ကိုအားနာရပါတယ်လို့🙏❣

ဒီFicလေးနဲ့ပတ်သက်ပြီး နားမလည်တာမရှင်းတာရှိရင်လည်း အခုဒီမှာကိုယ့်ကိုကြိုက်တာမေးလို့ရပါတယ်နော်။ ကိုယ်သေသေချာချာလေး ရှင်းပြပေးပါ့မယ်😙 (spoilerတော့မပါဘူးပေါ့နော့်😉)

တကယ်တော့ ကိုယ်ဒီficလေးကိုရေးခဲ့တာ ပေါ့ပေါ့ပါးပါးနဲ့ပဲရေးခဲ့တာပါ။ ကိုယ်စာရေးတာနားထားခဲ့တာလည်း အတော်ကြာပါပြီ။ ကလေးတွေကိုအာရုံစိုက်ထားချင်တော့ စာရေးတာနားလိုက်မိတာပါ။

ဒါပင်မဲ့ ရုတ်တရက် fdထဲမှာficရေးတာတွေခေတ်စားလာတော့ လူကလည်းရောယောင်ရေးချင်လာရော🤣 ပထမဆုံးfanficရေးတာဆိုတော့ ဘာရေးရမယ်ကမသိဖြစ်ပြန်ရော။ ဒါနဲ့ ကလေးတွေရဲ့debutကိုယူပြီး vampireရေးမယ်ပေါ့။ အကုန်လုံးကိုvampireထားလိုက်ရင်လည်း ဇာတ်ကြောင်းကမရှိဖြစ်မှာဆိုတော့ Carnivalကိုယူပြီး တချို့ကိုWerewolfဘက်ပို့လိုက်ပြန်ရာကနေ ဒီလိုficလေးဖြစ်လာတာပါပဲ😉

You've reached the end of published parts.

⏰ Last updated: Nov 27, 2021 ⏰

Add this story to your Library to get notified about new parts!

Eternity{ENHYPEN fanfic}Where stories live. Discover now