(Unicode)
တချက်တချက်ထွက်ပေါ်လာသောခွေးဟောင်သံမှအပ လူသံပကတိတိတ်ဆိတ်နေသောမြို့ပြ၏ညချမ်း။ မှောင်မိုက်သည်မဆိုသာသော်လည်း အလင်းရောင်ရနေသည်လည်းမဟုတ်သောခေါင်မိုးထပ်တွင် ရှိနေကြသောကောင်လေးနှစ်ဦး။
ရင်ထဲမှစကားများအားပြောပြီးလေတော့ လူသားမဟုတ်သောသူတို့တောင် ရှက်တတ်ခဲ့ပြီလေ။ တယောက်နှင့်တယောက်လည်း မျက်နှာချင်းမဆိုင်...နှစ်ယောက်သားအဝေးကိုသာ ငေးကြည့်နေမိကြသည်။
"Jaeyun" "Sunghoon"
ခေါ်မိတော့လည်းတပြိုင်တည်း။
"Sorry...မင်းအရင်ပြောပါ"
SunghoonမှJakeအား ဦးစားပေးလိုက်လေတော့ Jakeခေါင်းငြိမ့်ပြလိုက်ပါသည်။ ရပါတယ်...မင်းပဲအရင်ပြောပါဘာညာနှင့်အားနာပြရအောင်လည်း သူသည်အမြဲSunghoonအပေါ်နိုင်ခဲ့သည့် အချစ်ခံအတန်းစားလေးမဟုတ်လား။ တကယ်တော့ Sunghoonသာသူ့အားဦးစားမပေးလျှင် သူစိတ်ဆိုးမိမည်ထင်။
"မင်းJungwonကိုဝတ်ပေးထားတဲ့မျိုးနွယ်ကြိုး ဘယ်ချိန်ဖြုတ်ပေးမှာလဲ"
သူ့ဘက်မှမေ့ချင်ယောင်ဆောင်ထားသော်ငြား မှတ်ဉာဏ်ကောင်းလွန်းသည့် ပူပူလောလောသူ့အမျိုးသားသေးသေးလေးကြောင့် Sunghoonဟိုကုပ်ဒီကုပ်ဖြစ်မိပြန်သည်။
"မင်းပြောသလို မင်းကငါ့ယောကျာ်းဆိုရင် Wonwonနဲ့Sunooက ငါတို့ကလေးတွေဆိုတာကလည်း အမှန်တရားပဲ။ ငါ့ကလေးတွေအပေါ်အနိုင်ကျင့်ရင် မင်းပဲဖြစ်နေပါစေဦးငါခွင့်မလွှတ်ဘူးနော်"
စိတ်ဆိုးမာန်ဆိုးနှင့် နှုတ်ခမ်းသေးသေးလေးစူကာ တရစက်ပွစိပွစိပြောလာသော သူ့အသည်းအသက်သေးသေးလေးကြောင့် Sunghoonအူယား၍မဆုံး။ ဒီလိုခပ်ဆိုးဆိုးအမူရာလေးတွေကို သူဘယ်လောက်လွမ်းခဲ့ရသလဲ။
"ငါပြောတာနားထောင်နေလားPark Sunghoon"
လေသံလေးနှင့်အော်လိုက်မှ ရင်ထဲအသည်းထဲကလိကလိဖြစ်နေသောSunghoonတယောက် သတိဝင်လာတော့သည်။ သူနဲနဲအငမ်းလွန်သွားတာပဲ။
"ဒီကပြန်ရင်ဖြုတ်ပေးလိုက်ပါ့မယ်"
အမှန်ဆိုရလျှင် သူဖြုတ်မပေးချင်။ မည်သည့်အရာကအမှန်တရားပဲဖြစ်နေပါစေဦး WonwonကိုရောJungwonကိုပါသူမုန်းတီးဆဲ။ သို့သော်ငြား ထိုအမုန်းတရားတို့သည် ကောင်ငယ်လေးအပေါ်ထားသည့် သူ့ချစ်ခြင်းတရားတို့ကိုတော့မယှဥ်နိုင်။ သူ့ဘဝ၏အရာရာတွင် ကောင်ငယ်လေးသည်သာ အမြဲအောင်နိုင်သူဖြစ်သည်လေ။
YOU ARE READING
Eternity{ENHYPEN fanfic}