Episode-16

1.3K 222 64
                                    

(Unicode)

​မှောင်မိုက်နေသောအခန်းတခု...

မည်သည့်အလင်းရောင်မှ ထိုးဖောက်ဝင်ရောက်ခြင်းမပြုနိုင်သောနေရာတခုတွင်...

ကုတင်ပေါ်၌ ထီးထီးကြီးငြိမ်သက်စွာထိုင်နေသူတဦး။
ထိုသူမှာတခြားမဟုတ်...Heeseungပင်ဖြစ်သည်။

"မနက်ဖြန်ဆိုရောက်ပြီပဲ"

ထူထဲသိပ်သည်းလှသောအမှောင်ထုထဲသို့ စူးစိုက်ကြည့်ကာ ထွက်ပေါ်လာသောသူ့၏အေးစက်စက်အသံ။

"အသင့်ပြင်ပြီးပြီလားJakeလေး"

နံရံနားကပ်၍ရပ်နေသောJakeအား လှည့်မကြည့်ပါပဲမေးလိုက်တော့ Jakeခေါင်းငြိမ့်ပြလာပါသည်။ အသံကတော့စိုးစဥ်မျှတောင်ထွက်မလာခဲ့။

ကုတင်ပေါ်မှဖြေငြင်းစွာထလာသောHeeseung။ ခြုံထားသောစောင်တို့က ကြမ်းပြင်တွင်တရွတ်တိုက်လျက်။

မမှိတ်မသုံရပ်နေသောJakeအနားသို့ ငြင်သာစွာကပ်လာကာ Jake၏ပါးပြင်အား အေးစက်နေသောလက်တို့နှင့် အသာထိကိုင်လိုက်တော့သည်။ Jakeကတော့တချက်လေးတောင်တွန့်မသွားခဲ့...ကျောက်ရုပ်တရုပ်အလား ငြိမ်သက်နေဆဲ။

"အသက်ရှင်ရတာနောင်တရပြီး သေချင်စိတ်တွေပေါက်လာတဲ့အထိ နာကျင်ရအောင်လုပ်ပေးရအောင်နော်"

နားနားကပ်ကာ တလုံးချင်းတိုးညှင်းစွာပြောလိုက်တော့ ထပ်မံခေါင်းငြိမ့်ပြလာသောJake။ ငြိမ်သက်တိတ်ဆိတ်နေဆဲ။

"ဟုတ်ပြီ...လိမ္မာလိုက်တဲ့ကောင်လေးကို hyungကဆုချရမှာပေါ့။ Hyungရဲ့Jakeလေးအကြိုက်ချိုချိုလေး"

အမှောင်ထဲသို့ကြည့်သားကျသွားလျှင်တော့ နံရံနားတွင်ကပ်ကာ နူးညံ့သောနှုတ်ခမ်းနှစ်စုံတို့ လှပစွာထပ်တူကျနေသည်ကို သင်မြင်တွေ့နိုင်ပါလိမ့်မည်။

**************************

"Sunoo...မင်းနေသာရဲ့လား"

Jayဆီမှငြင်သာသောအမေးစကားကြောင့် အိပ်ရာပေါ်မှSunoo အသာခေါင်းငြိမ့်ပြလာပါသည်။ အကြည့်များကတော့ အဝေးတနေရာသို့ပို့ထားဆဲ။

"မနက်ဖြန်ဆိုငါတို့သတ်မှတ်ရက်ရောက်ပြီ။ မင်းအမဲလိုက်ဖို့အဆင်ပြေရဲ့လား"

Eternity{ENHYPEN fanfic}Where stories live. Discover now