Episode-9

1.5K 226 146
                                    

(Unicode)

သစ်ပင်ကြီးများအုပ်ဆိုင်းနေပြီး သဘာဝအလင်းရောင်မရှိသကဲ့သို့ ဖန်တီးထားသောအလင်းရောင်လည်းမရှိသော ​မှောင်မဲနေသောခန်းမကျယ်ကြီးထဲ။ နံရံတွေဆီမှပဲ့တင်ထပ်နေသောအေးစက်စက်အခန်းအပူချိန်အပြင် ရပ်နေသူ၅ယောက်ကြားမှလည်း အေးစက်စက်လေထုတို့က အရှိန်ပြင်းပြင်းထုတ်လွှတ်နေဆဲ။

တိတ်ဆိတ်နေသည့်အခြေနေကြီးအား အရင်ဖြိုခွဲလိုက်သူက အကြီးဆုံးဖြစ်သူHeeseung။

"ဘာကိစ္စရှိလဲမသိပင်မဲ့ ဒီချိန်မှာပြန်လိုက်ပါ့လားSunghoon၊ Hyungတို့လည်းဒီမှာ ရှင်းစရာလေးတွေရှိနေလို့ပါ"

သူ့မူပိုင်အတိုင်း အပြုံးလေးနှင့်ပဲ ငြင်သာစွာဆိုလာတော့ ရီသံထွက်လာသည်က Sunghoonဘေးတွင်ရပ်နေသော အငယ်ဆုံးဖြစ်သူNi-Kiဆီမှ။

"ဟန်ဆောင်အပြုံးတွေနဲ့ နေရတာမပင်ပန်းဘူးလား။ အဲ့မျက်နှာဖုံးကြီးကိုခွာချလိုက်စမ်းပါ"

ခပ်ထေ့ထေ့လေးပြောလာတော့ ​မနေနိုင်စွာဝင်ပြောလာသူက အပြာရောင်မျက်လုံးများနှင့်Jake။

"Ni-Ki မင်းhyungကိုဘယ်လိုပြောလိုက်တာလဲ။ Heeseung hyungကမင်းထက် အသက်အများကြီးကြီးတယ်နော်"

ထိုအခါ Jayလည်းငြိမ်မနေနိုင်တော့။

"အကုန်တော်ကြတော့။ Sunghoonမင်းဘာကိစ္စရှိလို့လဲပြော"

အနီရောင်မျက်လုံးများနှင့်စူးစိုက်ကြည့်ကာမေးလိုက်တော့ Sunghoonမျက်နှာပေါ်မှအပြုံးတို့ကအသက်ဝင်လာလေသည်။ ထို့နောက် လေသံအေးအေးနှင့်ပင် စကားစလာပါသည်။

"ငါJungwonကိုလာခေါ်တာ"

ဘာဆိုဘာမှနားမလည်ဘဲ ကြောင်တောင်တောင်လေးဖြစ်နေသောJungwonခမျ သူ့နာမည်မှာကြားကပါလာရှာတော့ မျက်လုံးလေးကလယ်ကလယ်ဖြစ်သွားရှာသည်။

"Jungwonကအခုမှ ငါတို့အိမ်ကိုရောက်တဲ့ဧည့်သည်။ မင်းနဲ့ထည့်မပေးလိုက်နိုင်ဘူး"

Jayဆီမှအဖြေစကားထွက်လာတော့ မျှော်လင့်ထားသည့်စကားကိုကြားရသည့်အလား Sunghoonထပ်မံပြုံးလိုက်မိပြန်သည်။

"မင်းမပေးချင်လည်း ငါကခေါ်သွားမှာပဲ။ Jungwonကငါ့အပိုင်လေ"

Jayအားရည်ရွယ်ပြီးပြောသယောင်ထင်ရသော်ငြား Sunghoonအကြည့်တို့ဦးတည်နေသည်က Jakeဆီသို့။

Eternity{ENHYPEN fanfic}Where stories live. Discover now