Episode-13

1.3K 222 107
                                    

(Unicode)

အရာအားလုံးတိတ်ဆိတ်သွားသည့်အခြေနေ။ တယောက်မျက်နှာတယောက်ကြည့်နေရာမှ ဘယ်သူမှတစ်လက်မလေးတောင်မလှုပ်မိ။

Sunooသည်လည်းကြည့်နေရင်းဖြင့် Ni-Kiလက်ထဲမှJungwonအားမြင်သွားလေတော့သည်။

"Wonwon???"

ထို့နောက် Ni-Kiလက်သည်းတို့နစ်ဝင်ရာ လက်မောင်းမှသွေးများစီးကျလာသည်ကို မြင်လိုက်သောအခါတွင်တော့ Sunooတယောက်မျက်လုံးများပြူးကျယ်သွားရတော့သည်။

"Won...Wonwon...Wonwonကိုဘာလုပ်နေတာလဲ။ ငါ့ညီကိုဘာလုပ်နေတာလဲ။ ဘာလုပ်နေတာလဲ"

အော်ရင်းအော်ရင်းဖြင့် Sunooမျက်လုံးတို့သည် ဒေါသအဟုန်ကြောင့် စူးရှလာခဲ့တော့သည်။ အရောင်ကတော့မဲ့နေဆဲ။

ထို့နောက် ကြည့်နေစဥ်တွင်ပဲမျက်စိအောက်မှပျောက်သွားကာ လေအလျင်နှင့်Jungwonတို့နားရောက်သွားလေသည်။ သေးသေးသွယ်သွယ်လက်ချောင်းလေးတို့မှလည်း လက်သည်းများရှည်ထွက်လာပြီးနောက် Ni-Ki၏လည်ပင်းအစုံအားညှစ်ကိုင်ထားလိုက်တော့သည်။

Ni-Kiလက်မှလွတ်သွားသောJungwonသည်လည်း ကြမ်းပြင်ပေါ်တွင်ထိုင်ကျလျက်နှင့် ကြောင်လျက်သား။

"Hyung...hyung..."

Ni-Kiမှရုန်းကန်နေသော်လည်း Sunooမှလွှတ်မပေး။ ခန္ဓာကိုယ်သေးသေးလေးမှထွက်လာသောခွန်အားတို့အား wolfပုံစံNi-Kiသည်လည်းမယှဥ်နိုင်ပေ။ တင်းကျပ်လာသောလည်ပင်းအစုံနှင့်အတူ လစ်လပ်လာသောအောက်စီဂျင်တို့ကြောင့် Ni-Kiလည်းရုန်းကန်ဖို့တောင်အားမရှိတော့။

"Wonwonကိုလာထိသူမှန်သမျှ ငါ့လက်နဲ့သေစေရမယ်"

Sunooဆီမှပုံမှန်ကြားနေကျ တိုးညှင်းသောအသံလေးနှင့် ဆန့်ကျင်စွာထွက်ပေါ်လာသော အေးစက်စက်ကျယ်လောင်သည့်အော်သံ။

ထိုအချိန်တွင် ရုတ်တရက်နေရာမှလှုပ်ရှားလာသူကHeeseung။

Sunooအနောက်အားကပ်သွားလိုက်ကာ Sunooအားအနောက်မှဖက်ထားလိုက်တော့သည်။

"တော်ပြီလေSunoo...Wonwonလေးကြောက်နေပြီလေ"

Heeseung၏အသံကြောင့် ဒေါသတကြီးလှည့်ကြည့်လာသောSunoo။ မြေပြင်ပေါ်ထိုင်ကျနေသောJungwonအားမြင်လိုက်ချိန်တွင်တော့ မျက်နှာကြောတို့ပြေလျော့သွားကာ Ni-Kiအားလွှတ်ပေးလိုက်တော့သည်။

Eternity{ENHYPEN fanfic}Where stories live. Discover now