(Unicode)
"Hyung...Jay hyung...Jake hyung...အရေးဆိုဘယ်တွေရောက်နေကြပါလိမ့်"
ပုံမှန်တိတ်ဆိတ်နေတတ်သောအိမ်ကြီးထဲ ဒီနေ့တော့အသံစာစာလေးတခုက ပျံ့လွှင့်နေတော့သည်။ ရွှေအိုရောင်ဆံပင်များ လေထဲလှပစွာယိမ်းနွဲ့နေလောက်အောင် ပြေးလွှားအော်ခေါ်နေသူကောင်လေးတယောက်။ တခြားသူမဟုတ် Ni-Kiပင်ဖြစ်သည်။
"ဒီသူတို့ဆိုတာလေ ပုံမှန်ဆိုအခန်းရှေ့ချောင်းပေါက်အောင်ရောက်လာတတ်ပြီး ဒီနေ့ကျမှအမြီးတောင်ရှာမတွေ့တော့ဘူး။ ဂါး...ငါကဘာကိစ္စဒီလိုပြေးလွှားအော်နေရတာလဲဟ"
တကယ်တော့ Jungwonလေးစကားစပြောသည့်အကြောင်းအား Jayနှင့်Jakeတို့သိစေရန် သူ၏ချစ်ရသူရှင်ဘုရင်လေးက အခေါ်တော်လွှတ်ခိုင်းလိုက်သည်လေ။ ဒီတော့လည်း အချစ်ကျေးကျွန်သူ့ခမျခေါင်းတငြိမ့်ငြိမ့်လုပ်ခဲ့ရသည်ပေါ့။
"Sunoo hyungခိုင်းလို့သာနော်"
ထိုစဥ် သူနှင့်မျက်နှာချင်းဆိုင်ကော်ရစ်ဒါမှ တစ်လလောက်ရေမထိရပါပဲသေနေ့သည့်ငါးကဲ့သို့ အသိစိတ်မဲ့စွာလျှောက်လှမ်းလာသောJayအား Ni-Kiလှမ်းတွေ့လိုက်ပါတော့သည်။
"Jay hyung...Jay hyung"
Ni-Kiခမျဝမ်းသာအားရလှမ်းခေါ်သော်ငြား ဟိုကမကြား။
"သူ့ဟာလေးကဟိုမှာသတိရလာပြီကို သူကဒီမှာဒရမ်မာခင်းကောင်းတုန်း။ ငါနော်တယောက်မှအချိုးကိုမပြေဘူး"
သူ့အကျင့်အတိုင်းပွစိပွစိရေရွတ်ရင်း သူကပဲအနားပြေးသွားလိုက်မိပါသည်။ တဖက်သူအနားရောက်သည်အထိ ရပ်စောင့်ရလောက်အောင် သူမှစိတ်မရှည်ပါပဲ။
"Hyung...Jay hyung..."
Jayကတော့ အနားကပ်ခေါ်သည်တောင် မျက်နှာကမော့ကြည့်မလာ။ ခေါင်းငိုက်ထားကာ ကြမ်းပြင်အားငုံ့ကြည့်နေဆဲ။
"Jay hyung, Jungwonလေ..."
Jungwonနာမည်လေးကြားလိုက်သည်နှင့် ခုနကမည်သို့ခေါ်ခေါ်မော့ကြည့်မလာသောJayမှာ ချက်ချင်းပင်ခေါင်းထောင်လာတော့သည်။ ထိုအခါ Ni-Kiခမျလည်း ပြောစရာတောင်ဆက်မပြောချင်လောက်အောင် နင်မိသွားပြန်သည်။
YOU ARE READING
Eternity{ENHYPEN fanfic}