Episode-15

1.3K 227 104
                                    

(Unicode)

"Jungwon...မင်းကWonwonဝင်စားတဲ့သူဖြစ်တာနဲ့တင် ငါတို့အတွက်တာဝန်ယူပေးစရာမလိုပါဘူး"

တိတ်ဆိတ်အေးစက်သောအခြေနေအား ဖြိုခွင်းလိုက်သော Jake၏ဖြောင်းဖြောင်းဖျဖျလေသံလေး။ Jungwonကတော့ ခေါင်းမာစွာငြင်းနေဆဲ။

"ကျွန်တော်ကWonwonဝင်စားတဲ့သူဖြစ်လို့ အခုလိုလုပ်မယ်ပြောနေတာမဟုတ်ဘူး။ ကျွန်တော်ဒီနေရာကိုရောက်တာ ဒီနေ့ကပထမဆုံးနေ့။ ၂၄နာရီတောင်မပြည့်သေးတဲ့အချိန်မှာ ကျွန်တော့်တကိုယ်လုံး ဒဏ်ရာတွေချည်းပဲ။ ဒီထက်ပိုကြာရင် ကျွန်တော်မံမီဖြစ်တော့မယ်။ ဘာမှမသိပဲငြိမ်ခံနေမဲ့အစား ကိုယ့်ဘက်ကသိသင့်တာတွေသိပြီး ကာကွယ်လို့ရအောင်လို့အခုလိုလုပ်မယ်ပြောနေတာပါ"

ဘယ်သူဘယ်လိုပြောပြော Jungwonစိတ်အား ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း Jayနားလည်လိုက်တော့သည်။ ဒီတိုင်းတယောက်တည်းလွှတ်ထားသည်ထက်စာလျှင် သူတို့ပါအနားရှိပေးသည်က Jungwonအတွက်ပိုအန္တာရာယ်ကင်းမည်ထင်။

"အဲ့တော့ မင်းကဘာလုပ်ချင်သလဲ"

Jayအမေးအားကြားလိုက်တော့ Jakeအလန့်တကြားလှည့်ကြည့်မိသည်။ JayမှJungwonအတွက် အန္တာယ်ရာယ်ဖြစ်စေမည့်အရာအား လုပ်ခွင့်ပြုနေသည်လား။

"Jayမင်းဘာတွေတွေးနေတာလဲ။ ငါတို့ပြသနာတွေထဲ Jungwonကိုဆွဲသွင်းတာ သူ့အတွက်အန္တာရာယ်များတယ်နော်"

"ငါတို့တားလည်း ဒီကောင်လေးကတယောက်တည်းဆက်လုပ်နေမှာပဲ။ တယောက်တည်းလွှတ်ထားတာထက်စာရင် ငါတို့ရှိနေပေးတာက သူ့အတွက်ပို​ပြီးအန္တာရာယ်ကင်းလိမ့်မယ်"

Jayစကားအားကြားလိုက်တော့ Jakeလည်းဆက်မငြင်းနိုင်တော့။ Jungwonလေးမှာတော့ သူ၏လုံးလုံးတုတ်တုတ်လက်မလေးအား ထောင်ပြလာလေသည်။

"ဦးလေးကြီးအတော်ဆုံး"

လိုချင်သည်အားရတော့ မြှောက်ပင့်ချွဲနေသည့်ကောင်လေးကြောင့် Jayလက်သာမြှောက်ပြလိုက်ပါတော့သည်။

တကယ်ဆိုးလိုက်တဲ့ကောင်လေးပဲ~~~

"ကျွန်တော်အရင်ဆုံး Sunoo hyungနဲ့ပတ်သက်ပြီး စုံစမ်းချင်တယ်။ ဘာလို့Sunoo hyungက မိနစ်ပိုင်းလောက်ပဲ ပုံစံပြောင်းလို့ရတာလဲ။ Heeseung hyungက Sunoo hyungကိုတိုက်နေတဲ့ဆေးကရော်ဘာဆေးလဲ"

Eternity{ENHYPEN fanfic}Where stories live. Discover now