Episode-10

1.4K 238 188
                                    

(Unicode)

"ရော့...စားလို့ရပြီ"

စားပွဲဝိုင်းတွင် မျက်လုံးလေးဘလင်းဘလင်းထပြီး ထိုင်စောင့်နေရှာသောJungwon၏အရှေ့သို့ရောက်လာသည်က အငွေ့တထောင်းထောင်းထနေသောramyeon။

Jungwon၏လုံးလုံးလေးဖြစ်နေသောနှာခေါင်းလေးက အော်တိုမက်တစ်ရှုံ့သွားလေတော့သည်။

"တကယ်ကြီးလား...မနက်စာပြင်ပေးမယ်ဆိုလို့ မျှော်လင့်တကြီးစောင့်နေတာကို တကယ်ကြီးramyeonပဲပြုတ်ပေးတာလား"

ဒီကလူကပင်ပန်းတကြီးပြင်ပေးတာတောင် ထိုင်ရာကနေမထပဲအထွန့်တက်နေတော့ Jayခမျလက်ထဲကိုင်ထားသည့်ဇွန်းနှင့် ခေါင်းကိုတတိန်တိန်နှင့်ခေါက်ပစ်ချင်စိတ်ကတဖွားဖွား။ သို့သော်လည်း အမှားလုပ်မိသူကသူမို့စိတ်လျှော့လိုက်ပါသည်။

"အိမ်မှာဒါပဲရှိတယ်...ဒါပဲစား။ နောက်မှပစ္စည်းတွေဝယ်ပြီးချက်ကျွေးမယ်။ ဘာလဲ...ငါကိုယ်တိုင်ခွံ့ကျွေးရဦးမှာလား"

အတည်ပေါက်နှင့်မေးလိုက်တော့မှ မျက်နှာကြီးနီပြီး တူတွေကောက်ကိုင်သောYang Jungwonရယ်ပါ။

"အဟင်း..​.ဒီတခါတော့ထားပါတော့၊ ရှိတာစားရမှာပေါ့"

မကြည်သည့်စိတ်ကြောင့်သာရစ်နေမိသည်၊ တကယ်က ထိုလူကြီးပြုတ်ပေးသည့်ခေါက်ဆွဲသည်စားချင်စဖွယ်သာ။ ခေါက်ဆွဲသားလေးကလည်း နူးနူးအိအိလေးနှင့် အရသာကလည်းအတော်ကောင်းသည်။

ဒီလူကြီးခေါက်ဆွဲကို ဒီလောက်အရသာရှိအောင် ဘာတွေများထည့်ပြုတ်တာပါလိမ့်...

Jungwonတယောက် သူပြင်ပေးသည့်ခေါက်ဆွဲပြုတ်အားစားနေစဥ် JayမှာJungwonနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ပါသည်။ ဟိုကလေးကတော့ ခေါင်းတောင်မဖော်အားပါးတရစားနေဆဲ။

သူသတိမေ့​မြောနေစဥ် သူ့ခွင့်ပြုချက်မရပါပဲ အင်္ကျီလဲပေးလိုက်မှုအား အကြီးကျယ်စိတ်ကောက်သွားပြီးနောက် ပြန်စိတ်ကြည်စေရန်အခုလိုမနက်စာပြင်ပေးရခြင်းဖြစ်သည်။ ဒါတောင်လူလေးကစူပုတ်ပုတ်နှင့်...

"ဒါနဲ့...ခင်ဗျားရောမစားဘူးလား"

Jungwon၏အမေးစကားကြောင့် Jayအိုးထဲလှမ်းကြည့်လိုက်တော့ အရည်ဖင်ကပ်လေးသာကျန်တော့သည်။ အဖက်တွေကတော့သေးသေးလေးတောင်မကျန်တော့။

Eternity{ENHYPEN fanfic}Where stories live. Discover now