(Unicode)
"အား...တကယ်ကိုလွမ်းစရာအချိန်တွေပဲ"
ဓာတ်ပုံအားစိုက်ကြည့်ကာ အေးစက်စက်ပြောလာသောHeeseung။ သူ့မျက်နှာပေါ်မှအပြုံးတို့သည် Sunghoonနှင့်Jungwonအား သိသိသာသာကြီးကိုခြိမ်းခြောက်နေတော့သည်။
"Hyungကဒီဓာတ်ပုံထဲကသူတွေကိုသိလို့လား"
Sunghoonတယောက် သူသိလိုသည်အား အားတင်းမေးလိုက်တော့ Heeseungမှပြုံးပြလာပါသည်။
"ရင်းရင်းနှီးနှီးကြီးကိုသိတာပေါ့။ Hyungတင်မကပါဘူး မင်းကိုယ်တိုင်လည်းသိပါတယ်"
"ကျွန်တော်က?"
Sunghoonတွေးကြည့်သော်လည်း လုံးလုံးမမှတ်မိ။ ဖြစ်နိုင်သည်ကတော့ Jake၏အစွမ်းကြောင့် သူ့မှတ်ဉာဏ်တချို့ပျောက်ဆုံးနေခြင်းသာဖြစ်မည်။
ထိုစဥ် Heeseungမှလည်း စားပွဲခုံပေါ်ရှိ Jungwonပစ်ထားခဲ့သောစာရွက်များအားမြင်သွားတော့သည်။
"ဒါတွေအခုထိရှိသေးတာလား။ တော်တော်အသိမ်းကောင်းတာပဲ"
အပြုံးနှင့်ပဲပြောလာသောHeeseungစကားတို့သည် ချီးကျူးသည်ထက် လှောင်သည့်ဘက်သို့ပိုရောက်နေကြောင်း Sunghoonတို့သဘောပေါက်လိုက်ပါသည်။
Heeseungကတော့မည်သူ့မှဂရုမစိုက်။ စားပွဲရှိရာသို့သွားလိုက်ကာ ခုံပေါ်မှစာရွက်များအားကောက်ကိုင်၍ တရွက်ချင်းကြည့်နေလေတော့သည်။
"မုန်းလိုက်တာ...မုန်းလိုက်တာ...သိပ်မုန်းဖို့ကောင်းတယ်"
ပြောပြောဆိုဆို စာရွက်များအား လုံးခြေလိုက်သောHeeseung။ လုံးကြေသွားသောစာရွက်များအားကြည့်၍ Jungwonစိတ်ထဲနှမြောတသစွာခံစားလိုက်ရတော့သည်။ သူပင်ပန်းတကြီးရှာဖွေထားသောအရာအား ဆုံးရှုံးလိုက်ရသည့်နှယ်။
Jungwon၏မျက်နှာအခြေအနေအား Heeseungမှလည်းလှမ်းမြင်သွားကာ သဘောပေါက်လိုက်ပါသည်။
"Sorryနော်Jungwonလေး...မင်းအတွက်အဖိုးတန်တဲ့အရာကို hyungဖျက်ဆီးမိသွားသလား"
Heeseung၏အမေးကြောင့် Sunghoonလည်းအနောက်သို့လှည့်ကြည့်လိုက်မိပါသည်။ Jungwonကတော့ ထိတ်လန့်မှုကြောင့်တုန်လှုပ်နေဆဲ။
YOU ARE READING
Eternity{ENHYPEN fanfic}