" သဘော်ကကိုရီးယားကျွန်းဆွယ်ကိုဆိုက်ကပ်ပါပြီ"ကုန်းပတ်ပေါ်မှာအော်ဟစ်ပြေးလွှားနေတဲ့
ကလေးငယ်လေးက သဘော်ပဲ့ကိုင်ရဲ့သားဖြစ်
ကြောင်းကို ခုနလေးကမှသိလိုက်ခြင်းဖြစ်သည်။ပင်လယ်လေအေးအေးတေွနောက်ဆုံးတစ်ခေါက်
ပြင်းပြင်းရှူသွင်းပြီး သဘော်နဲ့ကမ်းကိုယာယီ
သွယ်တန်းထားသောပျဥ်ချပ်တွေေပါ်ကိုခြေချလိုက်
တော့သည်။ ခရီးစောင်အိပ်အသေးတစ်လုံးကလွဲရင်
ဘာမှမပါတဲ့သူက မျက်နှာတစ်ဝက်ထိဖုံးသော
ဦးထုပ်ကြီးကြီးတစ်လုံးကိုဆောင်းထားသည်။ရေကြောင်းပဲအသုံးပြုလို့ရသေးသောအခြေအနေ
ဖြစ်လို့ ကိုရီးယားကိုရောက်ဖို့ဘယ်လောက်ကြာခဲ့လည်းမမှတ်မိတော့ပါ။ငြီးငွေ့ဖွယ်ကောင်းသော
နေ့ရက်တွေ၊နေထွက်နေဝင်ချိန်တွေကိုပင်လယ်ကို
မျက်နှာမူရင်းရက်ပေါင်းများစွာဖြတ်သန်းလာခဲ့ရသည်။ ရောက်ပြီးဆိုတော့မှ မြေပြင်ဆိုတဲ့အရာကို
တမ်းတကြီးစွာ ဖိနပ်တွေခြေအိတ်တွေချွတ်ပြီး
ထိတွေ့မိတော့သည်။ဆိပ်ကမ်းဖြစ်သောကြောင့် ခရီးသည်းအဝင်အထွက်၊
ကုန်တင်ကုန်ချတွေနဲ့အတော်လေးကိုမျက်စိရှုပ်စေ
သည်။ မနက်ကစာခဲ့ရတဲ့သဘော်ပေါ်ကစားသောက်ဆိုင်လေးကရောင်းသော ကော်ဖီနဲ့ကိတ်အနည်းငယ်
ခုချိန်မှာဆာလောင်မှုကိုမတားဆီးနိုင်တော့ပါ။
အနီးနားပတ်ဝန်းကျင်မှာတော့စားသောက်ဆိုင်တွေ
အများအပြားရှိနေတာကိုတွေ့ရသည်။သပ်သပ်ရပ်ရပ်နဲ့ဆိုင်ခန်းလေးတွေ၊
ဆိုင်လေးတွေ၊ အထူးသဖြင့် ဖက်ထုတ်ရောင်းတဲ့
ဆိုင်၊ပဲခေါက်ဆွဲရောင်တဲ့ဆိုင်တွေကိုသာတွေ့ရသည်။
နီးစပ်ရာဆိုင်လေးတစ်ဆိုင်ထဲကိုဝင်လိုက်တော့
ပျူငှာတဲ့အသံနဲ့ဖိတ်ခေါ်တဲ့အမျိုးသမီတစ်ယောက်
ကိုတွေ့ရသည်။ကိုရီးယားစကားကိုအများကြီး
မကျွမ်းကျင်သေးပေမယ့်နားလည်ပါသည်။
သူ့ရဲ့အချိန်တေွတိုင်းကိုသင်ယူမှုတွေနဲ့ကုန်စေတဲ့
သခင်ကြီး(ဖေေဖ)ကိုဒီအချိန်မှာကျေးဇူးတင်ရပြန်သည်။" ဟိုလေ အဒေါ် ကျွန်မထမင်းစားချင်လို့ပါ
ပဲခေါက်ဆွဲအစားထမင်းများရနိုင်မလား"
YOU ARE READING
The Uncontrollable
Random" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "