" Jen "
Jisoo ၏ခပ်တိုးတိုးခေါ်သံက Jennieကို
ငိုကြွေးစေဖို့များစွာအထောက်အကူပြုသည်။
မိုးသံတွေ၊မိုးချိန်းသံတွေနဲ့အပြိုင် Jisoo၏
ရင်ခွင်ငယ်ကိုအကာအကွယ်ယူပြီး Jennie
မျက်ရည်မိုးတို့မပျက်ခဲ့။" တကယ်ပဲလား တကယ်ပဲ
ဆရာလုပ်ခဲ့တာလား "Jennie ၏မေးသံမှာ ဝေခွဲမရခြင်းတွေအပြည့်နဲ့။
အဖေဖြစ်သူကို ချစ်ရတဲ့သူက လုပ်ကြံဖို့ြကိုးစားတယ်၊ဒါဟာတကယ်လား။ တကယ်ဆိုရင်ရော။" အင်း "
Jisoo ၏ပြန်ဖြေသံက မိုးချိန်းသံကိုကြားလိုက်ရသကဲ့သို့။ကျယ်လောင်စွာ၊ပြင်းထန်စွာ Jennie၏အကြားအာရုံကိုအနှောက်အယှက်
ဖြစ်စေသည်။" ဖေဖေနဲ့ လူကြီးမင်းPark ရဲ့ကြားထဲကို
Lisa ကရောက်သွားတာ "Jisoo ရဲ့ထိုစကားနဲ့တင် Jennie အရာရာကိုခန့်မှန်းလို့ရနေခဲ့ပြီ။ မပြီးဆုံးနိုင်သေးတဲ့ မြို့ဝန်မင်းနဲ့
လူကြီးမင်းPark တို့ရဲ့အတိတ်ကအေြကာင်းအရာတွေ။မိုးစင်စင်လင်းတဲ့အခါမှာမိုးရွာြခင်းမရှိတော့ပါ။
တိမ်တွေကြားမှနေရောင်တွေတိုးထွက်လာြပီး
Lisa ရှိရာအချုပ်ခန်းဆီကိုထိုးကျနေသည်။
အိပ်ပျော်နေတဲ့Lisa ရဲ့မျက်နှာပေါ်ကိုနေရောင်တွေရောက်ရှိနေပေမယ့် Lisa နိုးမလာခဲ့ပါ။
အိပ်မက်တစ်ခုကိုမက်နေသလိုမျိုးမှိတ်ထားသော
မျက်ဝန်းအိမ်တို့ကမငြိမ်မသက်။မီးတောက်တွေဝါးမျိုနေတဲ့မီးတောက်တွေနဲ့မီးပုံတစ်ခုကိုလူအများကဝိုင်းြကည့်နေကြသည်။
အားလုံးရဲ့မျက်ဝန်းတွေမှာမျက်ရည်စတွေက
စိုစွတ်လို့နေပါသည်။ငိုထားြကတာမကြာသေးသလို၊ငိုနေဆဲဖြစ်သလို၊ဆုံးရှုံးသွားမှုကိုနှမြောတသဖြစ်သလို မျက်နှာသေမျိုးတွေနဲ့ငြိမ်သက်တိတ်ဆိတ်နေကြပါသည်။သေချာတာကတော့ရွာတစ်ရွာရဲ့
အကြီးအကဲဖြစ်သူတစ်ဦးသေဆုံးသွားြခင်းြဖစ်ပါလိမ့်မည်။အရှိန်သေသွားသောမီးပုံက နောက်ဆုံးမှာပြာအဖြစ်သာကျန်နေခဲ့တော့သည်။ ထိုနေရာမှာကျန်နေခဲ့သူမှာနှစ်ယောက်သာသည်။
ကျန်နေခဲ့သူနှစ်ယောက်အနက် မိန်းကလေးဖြစ်သူကကြွေအိုးအလွတ်တစ်ခုထဲသို့ ပြာတွေကို
ကောက်ယူပြီးထည့်နေသည်။
YOU ARE READING
The Uncontrollable
Random" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "