ကျယ်ဝန်းတဲ့ခြံကြီးထဲမှာ အဆောင်ငယ်လေးတွေက
သီးခြားစီတည်ဆောက်ဖွဲ့စည်းထားသည်။
Chaeyoung က သူ့ကိုအကြီးဆုံးအဆောင်ပေါ်ကို
ခေါ်ဆောင်လာခဲ့သည်။လှေကားထစ်တွေအများကြီးကိုကျော်ဖြတ်ပြီးမှာအဆောင်၏တံခါးရှေ့ကို
ရောက်သည်။ နောက်ကနေလိုက်လာသောခြံတံခါး
စောင့်ဦးလေးကြီးကို ဧည့်ဆောင်ဘက်ကိုသွားဖို့
Chaeyoung ကစေခိုင်းလိုက်သောကြောင့်
ယခုအခါ တံခါးအရှေ့မှာသူတို့နှစ်ယောက်ပဲရှိနေ
ကြသည်။Chaeyoung ကအသံပြုတော့ဝင်ခဲ့ဖို့တုံ့ပြန်လာ
သောအမျိုးသားတစ်ယောက်၏အသံကိုကြားရ
သည်။မတိုးမကျယ်အသံကတံခါးရွက်ခြားနေတာ
တောင်သြဇာသံအပြည့်အဝပါနေသည်။Chaeyoung ကသူ့ကိုဝင်ကြဖို့ပြောပြီး
တံခါးနှစ်ချပ်ကိုဆွဲဖွင့်ပြီးဝင်သွားခဲ့လေသည်။
Lisa လည်းယောင်လည်လည်နဲ့နောက်ကလိုက်ဝင်
သွားခဲ့သည်။အပြင်ဘက်ကအပြင်အဆင်ကမပြောပလောက်ပေမယ့်အဆောင်အတွင်းဘက်ကအပြင်အဆင်တွေက
ပို၍ခမ်းနားနေသည်။ရွှေရောင်နဲ့အနီရောင်ကို
အသုံးပြုထားပြီးအဆောင်အတွင်းကိုအလှဆင်
ထားလေသည်။စားပွဲရှည်တစ်ခုကိုခင်းကျင်းထားပြီး
စားပွဲထိပ်မှာထိုင်နေသောအမျိုုးသားကြီးက
Chaeyoung ၏အဖေဖြစ်နိုင်သည်။" ရောက်လာပြီလား "
စာရွက်ပေါ်မှာမှင်နဲ့စာလုံးတွေရေးဆွဲနေခြင်းကနေ
အကြည့်မရွေ့ဘဲစကားတစ်ခွန်းဆိုသည်။
စားပွဲရဲ့လက်ဝဲလက်ယာမှာ Chaeyoung နဲ့
Lisa ကထိုင်လိုက်သည်။ လူကြီးမင်းက စုတ်တံကို
ချလိုက်တာနဲ့မှင်သွေးနေတဲ့အစေခံလေးက
လှုပ်ရှားမှုကိုရပ်တန့်လိုက်သည်။ပြီးတော့
လူကြီးမင်းရှေ့ကစာရွက်တွေကိုသိမ်းဆည်းကာ
အပြင်သို့ထွက်သွားသည်။" ဖေဖေ ဒါက သမီးပြောဖူးတဲ့သူငယ်ချင်းပါ
အဂ်လန်မှာကျောင်းတက်တဲ့အချိန်ခင်မင်
ခဲ့ရတဲ့သူပါ "Chaeyoung စကားပြောနေပုံကိုကြည့်ပြီး
Lisa စိတ်မွန်းကြပ်လာသည်။သားအဖတွေစကား
ပြောနေကြတာပေမယ့်ပေါ့ပါးသောအခြေအနေမဟူတ်။သူနဲ့သူ့ဖေဖေတို့ရဲ့အခြေအနေကိုပြန်သတိ
ရမိသွားစေသည်။
YOU ARE READING
The Uncontrollable
Random" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "