ညနေပြန်လာပြီးတည်းကပိတ်စဖြူဖြူပေါ်မှာ
ဆေးရည်နဲ့စုတ်တံကိုအသုံးပြုရင်း Lisaအလုပ်ရှူပ်နေခဲ့သည်။ Chaeyoung မေးတာတွေကိုလည်း
တစ်ခွန်းမှဖြေကြားခြင်းမရှိဘဲ သဲကြီးမဲကြီး
ပုံတစ်ပုံကိုအသက်သွင်းနေပါသည်။
ညစာကိုလည်း Caheyoung အခန်းထဲကိုသာ
ယူခိုင်း၍စားသည်။ Lisa နေသိပ်မကောင်း၍
အခန်းထဲမှာပဲစားလိုက်သည်ဟု လူကြီးမင်းကို
Chaeyoung ပြောခဲ့ရသေးသည်။Lisa လက်ထဲကစုတ်တံချမည့်အချိန်ကို
Chaeyoung စောင့်နေသည်။တစ်ဝက်ကျိုးနေပြီ
ဖြစ်သော သူ့လက်ထဲကကဗျာစာအုပ်ထက်ပို၍
Lisa လှုပ်ရှားနေမှုကိုပို၍စိတ်ဝင်စားသည်။
Lisa အရင်တည်းကသူဖြစ်ချင်တာရှိရင်
ဘာမှကိုမြင်တာမျိုးမရှိတော့ဘဲဖြစ်အောင်လုပ်
တတ်တာကို Chaeyoung သိထားသည်။Lisa ပန်းချီဆွဲနေချိန်တွေဆိုပိုသိသာသည်။
လေတိုက်နေသည်ဖြစ်စေ၊မိုးရွာလာသည်ဖြစ်စေ
သူလိုချင်တဲ့အနေအထားကိုရောက်အောင်
လုပ်တတ်သည်။" ပြီးသွားပြီလား "
Lisa လက်တို့ရပ်တန့်သွားတာကြောင့်
Chaeyoung စာအုပ်ကိုစားပွဲပေါ်တင်ကာ
သူ့နားလေးကိုထသွားလိုက်တယ်။Chaeyoung ၏အမေးကိုသူက ခေါင်းလေးငြိမ့်ကာဖြေတယ်။Lisa ရှေ့ကပန်းချီကို Chaeyoung ကြည့်မိသည်။
သူဆွဲနေကြပုံစံမျိုးတွေမဟုတ်ဘဲ မျက်နှာတစ်ခု။
Lisa ဆွဲထားလို့ပဲလား၊ပန်းချီကအသက်ဝင်လှသည်။
မျက်ဝန်း၊နှာခေါင်း၊နှာတံကအစနှုတ်ခမ်းတွေလေး
တွေတွန့်ချိုးပြီးပြုံးနေပုံကခုချက်ချင်းအနားမှာ
မြင်နေရသလို။မဆိုစလောက်လေးကျယ်တဲ့နဖူးပြင်နဲ့ပါးအို့ဖောင်းဖောင်းလေးတွေကိုလည်းအသေးစိတ်
ရေးဆွဲထားသည်။သို့ထက်ပို၍ဆံသားနက်နက်တို့က
ပို၍ကြည့်ကောင်းစေသည်။" ဒီမိန်းကလေးက "
" Chae သိလား "
Chaeyoung ခေါင်းခါမိပေမယ့် သေချာလေးစိုက်ကြည့်နေလေသည်။ Lisa ကတော့ စုတ်တံနဲ့ဆေးခွက်ကိုသိမ်းဆည်းနေပြီ။
" ဆံပင်ပုံစံကထူးခြားတယ် "
Chaeyoung ပြောကာမှ Lisa သတိပြန်ထားမိပြီး
ပန်းချီကားရှေ့ကိုပြန်ရောက်လာသည်။
Chaeyoung ရဲ့ဆံပင်တွေအဖြောင့်တိုင်းကိုမှ
ခေါင်းစည်ကြိုးနဲ့စည်းနှောင်ထားသည်။
Lisa ဆံပင်ကအပြင်ကပြန်လာထားသောကြောင့်
ခမောက်ချွတ်ထားကလွဲရင်ယောကျာ်းလေးတစ်ယောက်ကဲ့သို့ပင်။
YOU ARE READING
The Uncontrollable
Random" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "