တိတ်ဆိတ်ခြင်းထက်ပိုသောစာဖတ်ခန်းလေးက
အပ်ကျသံရလောက်သည်အနေအထားသို့ရောက်ရှိနေသည်။ ခြေလှမ်းမှန်မှန်လျှောက်ကာစာအုပ်စင်ပေါ်ကနေစာအုပ်ရှာနေတဲ့ Lisa ၏လှုပ်ရှားမှုက
စားပွဲပေါ်မှာထိုင်နေပြီးကဗျာသဘောတရားဆိုသော
စာအုပ်ကိုဖတ်နေတဲ့ Jennie ၏အာရုံစူးစိုက်မှုကို
အနှောက်အယှက်ဖြစ်စေသည်။အခန်းလေးကအပူချိန်မရှိပါပဲတစ်ဖျပ်ဖျပ်ခပ်နေသောယပ်တောင်၏အသံကလည်း Jennie ၏နားကိုဒုက္ခတစ်ရပ်ဖြစ်နေစေပြန်သည်။ သို့ပေမယ့်လည်း
Jennie ဘာစကားမှမပြောသေးပဲ Lisa ကို
တစ်ချက်တစ်ချက်လှမ်းကြည့်ကာမျက်ဝန်းတို့က
အလိုမကျ။ စရောက်ရောက်ခြင်းဆရာပါဝါပြသော
သူ့ကိုနှိပ်ကွပ်ဖို့တွေးနေခြင်းသာဖြစ်ပြီး
သူ့ရဲ့စာအုပ်လေးကတော့အကြည့်ခံသပ်သပ်သာ။" ရပြီ ဆရာ "
ဆရာလို့ခေါ်တာကိုမကြိုက်တဲ့သူ့ကို ဆရာလို့ခေါ်ရနာကို Jennie သဘောကျနေမိသည်။ ဆရာလို့ခေါ်တိုင်းမျက်ခုံးတွေပင့်သက်သွားပုံကလည်းသဘောကျချင်စရာတော့ကောင်းနေပြန်သည်။
သူမအသံကြောင့် စာအုပ်တွေဆီကိုရောက်နေသော
Lisa ၏လက်တွေရပ်တန့်သွားသည်။ယပ်တောင်ကလည်းခေါက်ထားပြီးဖြစ်ကာ သူမကိုလှည့်ကြည့်လိုက်သည်။ ဒီလောက်အချိန်တိုတိုလေးနဲ့ ရပြီဆိုသော Jennie ၏စကားကိုမယုံသေးပုံရသော
အကြည့်တွေနဲ့။စားပွဲနားကိုဖြေးဖြေးလျှောက်သွားပြီး
မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။
Jennie ရှေ့ကစာအုပ်ကို Lisa လှမ်းယူလိုက်သည်။
Jennieကတော့ Lisa လှုပ်ရှားသမျှကိုကြည့်နေတယ်။" တစ်ကယ်လား "
" ဟုတ် ဆရာ "
ဆရာဆိုတာက သူ့နဲ့မရင်းနှီးသောအသုံးအနှုန်းပေမယ့်Lisa သည်းခံလိုက်ပါသည်။တိတ်ဆိတ်နေသော
အခန်းလေးထဲမှာ စာအမေးအဖြေသံတွေကိုသာ
ဆက်တိုက်ကြားနေရသည်။Lisa စာအုပ်အဖုံးကိုပိတ်လိုက်ပြီး ပါးစပ်အဟောင်းသားနဲ့Jennie ကိုငေးနေမိသည်။
Jennie ၏ဘယ်လိုလဲလို့သတ်မှတ်လို့ရသော
အပြုံးမပီပြင်တဲ့အကြည့်တို့က သူ့ရဲ့စိတ်ကို
တစ်မျိုးဖြစ်သွားစေသည်။ခနဲ့တဲ့တဲ့မျက်နှာပေးနဲ့
သူမကိုငေးနေမိသည်မှာ သူမ၏ချောင်းဟန့်သံ
ကြားမှာသတိပြန်ဝင်လာတော့၏။
YOU ARE READING
The Uncontrollable
Random" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "