/ 15

931 108 16
                                    

မမျှော်လင့်ထားတဲ့အချိန်မှာဖြစ်လာတတ်တဲ့
အကြောင်းကိစ္စတွေကို သဘောမကျတတ်တဲ့စိတ်ရယ်
လက်ခံလိုက်ရမယ်ဆိုတဲ့အသိရယ်ကထပ်တူညီတယ်။

တစ်ခုဆုံးရှုံးမပြီးမှတစ်ခုပြန်ရတတ်တာ
လူ့သဘာဝမဟုတ်လား။

မိခင်တစ်ယောက်ရဲ့နေရာမှာ အသိမပေးဘဲအစားထိုးခံလိုက်
ရပြီးဝမ်းနည်းတဲ့ခံစားမှုကိုခံစားရပြီး ‌ေခြာက်လအကြာမှာ
သူ့ကိုပျော်ရွှင်စေတဲ့အရာတစ်ခုကိုတွေ့မြင်ခဲ့ရသည်။

အိမ်တော်မှာ ပြဿနာမျိုးစုံဖြစ်ပျက်သွားခဲ့ပေမယ့်
ကလေးသာသာရှိသေးတဲ့သူနဲ့တော့မသက်ဆိုင်တဲ့
အရာတွေလိုဖြစ်ခဲ့သည်။

အိမ်တော်အနောက်ဘက်ရေကန်နားမှာ အဆောင်သစ်တစ်ခု
ဆောက်နေတာကိုလည်းသူသိသည်။
ဘယ်သူ့အတွက်လည်းဆိုတာတော့သူမသိခဲ့။

" Jennie ဆိုပြီးနာမည်ပေးထားတဲ့ Jiညီမလေး "

အဖေဖြစ်သူရဲ့လက်ထဲကအနှီးထုတ်ထဲက ခုနှစ်ရက်ကလေးလေးရဲ့နာမည်က Jennie တဲ့။

Jennie ကိုမွေးပြီးပြီးချင်ပဲ Jennie မေမေက
သေဆုံးသွားခဲ့တယ်ဆိုတဲ့ကောလဟာလနဲ့အတူ
အဖေကသတ်လိုက်တယ်ဆိုတဲ့ကောလဟာလတွေက
အိမ်မှာရက်အတော်ကြာလွှမ်းမိုးနေခဲ့သည်။
ဘယ်ဟာအမှန်ဘယ်ဟာအမှားလဲလို့အနည်းငယ်သာ
ခွဲခြားတတ်သေးတဲ့ သူကတော့ Jennie ကိုမွေးတဲ့
ရက်ကပုံမှန်ထက် လေးလလောက်စောတာကို
သတိထားမိခဲ့သည်။

" တကယ့်ညီမလေး ဟုတ်ရဲ့လား ဖေဖေ "

သူ့မေးခွန်းကိုကြားချိိန်မှာ တုန်လှုပ်သွားတဲ့ဖေဖေ့မျက်ဝန်း
တွေမှာ နာကျည်းမှုတွေကိုမြင်တွေ့ရတာကိုတော့
သူသိသည်။ ဖေဖေကနာကျင်နေသလား။
လက်တွေကတော့တုန်ယင်နေတာကြောင့်လက်ထဲက
ကလေးငယ်ကို ကလေးထိန်းလက်ထဲကိုထည့်ပေးလိုက်
တာကိုမြင်လိုက်ရပါသည်။

ပြီးတော့ စကားတစ်ခွန်းမှမဆိုပဲ အပြင်ဘက်ကိုထွက်သွားခဲ့သည်။ Jisoo ကတော့ အဖေ့ဖြစ်သူကိုတစ်လှည့်
ကလေးထိန်းလက်ထဲက Jennieပေါက်စကိုတစ်လှည့်ကြည့်
ရင်းကျန်နေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ သေချာတဲ့အမှန်တရားတစ်ခုကို
Jisoo သိလာခဲ့သည်။အသက်အရွယ်ရလာသောကြောင့်လည်းတစ်ချို့အမှန်တရားတွေကမျှဝေလို့မကောင်းတဲ့
အရာတွေဆိုတာကိုပိုပြီးသိလာခဲ့သည်။
တစ်ယောက်တည်းသိသင့်သောအမှန်တရားတွေထဲကနေ
သူ့နှလုံးသားက‌ေြပာလာသောစကားတွေကိုအကြိမ်ကြိမ်
ြငင်းဆန်ရင်း ညီမလေးအတွက်ကောင်းမွန်တဲ့အစ်မ
အဖြစ်နေထိုင်ခဲ့သည်။

The Uncontrollable Where stories live. Discover now