မိုးရေစိုထားတဲ့အဝတ်တွေကခြောက်သွေ့ဖို့မလွယ်၊
ညတာကလည်းပိုမိုရှည်လျားနေခဲ့သည်။အိမ်တော်ရဲ့အချုပ်ခန်းတွေကနည်းနည်းတော့
ညစ်ပတ်နံစော်နေတာမျိုးမဟုတ်ပေမယ့်လည်း
မိုးရွာထားတဲ့အနေအထားကြောင့်အနံ့အသက်က
မကောင်းလှပါ။ အချုပ်ခန်းအပြင်မှာထွန်းထားသောဝါကြင့်ကြင့်မီးရောင်တွေကိုကြည့်ပြီး
Lisa သက်ပြင်းတွေခဏခဏချနေမိသည်။အချိန်တစ်ချို့ကြာပြီးချိန်မှာအစောင့်တစ်ယောက်က
သူလဲဝတ်ဖို့အဝတ်တစ်စုံလာပေးသည်။
သေချာပေါက် မိန်းကလေးကပို့ပေးလိုက်တာပဲ
ဖြစ်နိုင်သည်။ အဝတ်တို့လဲဝတ်ပြီးချိန်မှာတော့
Lisa၏ခန္ဓာကိုယ်ကအနည်းငယ်နွေးထွေးလို့နေခဲ့ပြီ။အကြောင်းရင်းမရှိထိန်းသိမ်းခံလိုက်ရတာလို့
မြင်နိုင်ပေမယ့် Lisa သက်ပြင်းချသံတို့က
လေးကန်စွာပဲခဏခဏထွက်ပေါ်နေသည်။အပြင်ဘက်ဆီမှာမိုးတေွပိုမိုသည်းထန်နေသည်။
အစောင့်တွေလည်းငိုက်မြည်းနေကြသလို
တစ်ဖက်အခန်းတေွဆီမှအချုပ်သားတို့၏
ဟောက်သံတွေကိုပါကြားနေရ၍
Lisa အိပ်၍မရနိုင်။ကာရံထားတဲ့တိုင်တွေကိုမှီထားလိုက်ပြီး
Lisa မျက်လုံးတွေမှိတ်ထားမိသည်။
သို့ပေမယ့် အတွေးမျိုးစုံဝင်လာတာကြောင့်
အိပ်၍မပျော်ပါ။သူ ဒီကိုထွက်မလာခင်ကအကြောင်းတွေက
ခေါင်းထဲကိုအစီအရီရောက်လာလေတော့
မျက်လုံးတွေပြန်ဖွင့်ကာမိုးသံတွေကို
အာရုံစိုက်ကနေမိတော့သည်။ကိုSam ရောက်လာတာကိုသဘောမကျမိ။
သူ အားလုံးရှင်းလင်းပြီးမှထွက်လာခဲ့တာ။
မျိုးနွယ်စုတစ်ခုလုံးကိုတာဝန်မယူနိုင်လို့
အာဏာကုန်လွှဲပေးပြီးသူရွက်လွှင့်လာခဲ့တာ။
ဒါကို ကိုSamကဘယ်လိုသိပြီးရောက်လာတယ်
ဆိုတာကိုတွေး၍ပင်မရ။ထားပါတော့။
သူကတော့ထိုင်လန်ကိုပြန်လိုက်မည်မဟုတ်ပါ။နောက်ထပ် လေးလံစေတဲ့အတွေးတစ်ချို့ကြောင့်
Lisa တစ်ကိုယ်လုံးရေထဲနှစ်ထားသလိုမျိုး
ခံစားလာရသည်။သူရောက်ခါကစက Park အိမ်တော်ကိုရောက်
ပြီးနောက်တစ်ပတ်ခန့်အကြာက လူကြီးမင်းPark နဲ့တွေ့ဆုံစကားပြောခဲ့တဲ့ညကိုသတိပြန်ရလာသည်။
YOU ARE READING
The Uncontrollable
Random" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "