တစ်ဖြည်းဖြည်းပျောက်ကွယ်နေတဲ့နေရဲ့အလင်းကား
အားပျော့လို့နေခဲ့ပြီးအမှောင်ဘက်အခြမ်းကို
ရောက်ရှိလာခဲ့ပြီ။မြို့ပတ်ရထားပေါ်ကဆင်းပြီး
အိမ်တော်ထိကိုလမ်းလျှောက်ပြန်ခဲ့ရသည်။အများကြီးမလျှောက်နိုင်တော့တဲ့ Jennie ကို
Lisa ကပဲကျောပိုးခေါ်ဆောင်ခဲ့ရသည်။
မသိအောင်ထွက်ခဲ့ကြပေမယ့်လည်း အဲ့ဒီဘက်လမ်း
ကပြန်ရင်အဆင်မပြေဖြစ်စေလို့ အိမ်တော်အရှေ့တံခါးကနေပဲ Lisa ဝင်လာခဲ့သည်။မြို့ဝန်မင်းနဲ့တွေ့တဲ့အခါဘယ်လိုဖြေရှင်းချက်ပေးရမလဲမသိပေမယ့်မတွေ့အောင်ရှောင်လို့ရမယ့်လမ်းဘက်ကိုသာရွေးချယ်ခဲ့သည်။တံခါးစောင့်ဦးလေးကြီးကတော့အရိပ်အကဲသိစွာနှုတ်ပိတ်ထားပေးမည်လို့ထင်ပါသည်။
အနောက်ဆောင်ဘက်သို့သွားတဲ့လမ်းတစ်လျှောက်
မီးအိမ်ငယ်လေးတွေထွန်းထားတာကြောင့်
မှောင်မဲနေခြင်းမျိုးမရှိ။ အဆောင်ပေါ်မှာမီးလင်း
နေတာကြောင့်တစ်ယောက်ယောက်ရောက်ရှိနေခြင်း
ဖြစ်နိုင်သည်။အဆောင်လှေကားထစ်တွေကိုတစ်ထစ်ခြင်းတက်ရင်း ဘယ်သူရောက်နေမလဲဆိုတာကို Lisa တွေးနေမိသည်။" ဘယ်ကပြန်လာတာလဲ Lisa "
Lisa ကြားလိုက်ရသောအသံက Jisooရဲ့အသံ
ဖြစ်သည်။ခေါင်းကိုအသာမော့ကာကြည့်လိုက်တော့
Jisoo ကအနည်းငယ်စိတ်တိုနေတဲ့အနေအထားဖြစ်နေသည်။" မိန်းကလေးကိုအိပ်ယာပေါ်အရင်ထားပါရစေ"
Lisa အေးဆေးစွာပြောပြီး အိပ်ခန်းဘက်ကို
လျှောက်သွားသည်။ Jennie ကိုအိပ်ယာထက်ကို
ချပေးလိုက်ပြီး စောင်ကိုတစ်ဝက်လောက်ခြုံပေးပြီးမှပြန်ထွက်လာခဲ့သည်။အပြင်ဘက်မှာ Jisoo ကိုမတွေ့တာကြောင့်
စာဖတ်ခန်းထဲကိုLisa ဝင်သွားလိုက်သည်။" စာသင်ပေးရုံကလွဲရင်တခြားဘာမှလုပ်ပေးဖို့
မလိုဘူးထင်တယ် Lisa "" မဟုတ်ဘူး ကျွန်တော်ကတော့ မိန်းကလေး
တစ်နေရာရာကိုသွားချင်တယ်လို့ပြောရင်
လိုက်ပို့ပေးဖို့တေွးထားတယ် ပြီးတော့
မိန်းကလေးမရောက်ဖူးတဲ့နေရာတွေကိုလည်း
လိုက်ပို့ပေးမှာပါ ဒါကိုအပြစ်တစ်ခုလို့ဆိုလား "
YOU ARE READING
The Uncontrollable
Random" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "