အပေါ်ကနေထပ်ရုံထားတဲ့အဝတ်ကလည်းစိုရွဲနေရုံမက
ရပ်နေတဲ့ခြေထောက်ကြွက်သားတွေကနာကျင်နေပြီ
ဆိုပေမယ့် ရှေ့ဆက်မရတဲ့ခြေလှမ်းတွေက
ထိုနေရာမှာပဲရပ်တန့်နေသည်။မိန်းကလေးNiNiရဲ့အဆောင်ရှေ့က လှေကားထစ်တွေ
ရှေ့မှာ ရပ်နေတဲ့သူကLisa ဖြစ်ပြီး
ဘယ်သူမှသတိထားမိပုံမရပေ။
မိုးရွာနေ၍စောင့်ကြပ်သူတွေလည်း
ချောင်တစ်ခုခုမှာခိုနေကြရောပေါ့။ရက်အတော်ကြာတွေ့ချင်မိတဲ့မျက်နှာကိုမြင်ရဖို့
ရက်အတော်ကြာလွမ်းနေမိတဲ့အသံကိုကြားရဖို့
အတွက် မဝေးလံပေမယ့်ခက်ခဲစွာပဲဒီနေရာကို
ရောက်ရှိလာပြီးသည့်တိုင်အောင်
သူ့မှာခက်ခဲနေသေးသည်။သူ့ကိုတွေ့ချင်ရဲ့လား သူ့ကိုများမုန်းနေပြီလား
စသဖြင့်အတွေးတွေကြားမှာရောက်နေပြီး
NiNi လို့ေခါ်ချင်ပေမယ့်အသံကထွက်မလာခဲ့။အဆက်မပြတ်ရွာနေတဲ့မိုးကလည်းတိတ်ဖို့ဆိုတာ
မဖြစ်နိုင်။ပြန်လှည့်ဖို့ရော။
ဘယ်လိုတောင်ထွက်လာခဲ့ရလဲ။
သူအပြင်ထွက်တာကို လူကြီးမင်းသိလို့မဖြစ်။
ပထမတစ်ခါသာတားမြစ်ပြီး သူထွက်လာတာကို
နောက်တစ်ကြိမ်ထပ်မတားတဲ့ Chaeyoung ကရော
ဘာတွေတွေးနေမယ်ထင်လဲ။ သူ့ရဲ့အားနာစိတ်နဲ့ဆို
Chaeyoung ဆီကိုမပြန်ချင်စိတ်ကပိုများနေတယ်။လူကြီးမင်းနဲ့အပေးအယူကိစ္စအပြင်
မြို့တော်ဝန်ရဲ့ထုတ်ထားတဲ့အမိန့်နဲ့သူ့ကိုတိတ်တဆိတ်
ရှာဖွေနေတဲ့ Yooshin ပြီးတော့
Sam ရဲ့နေရပ်ပြန်ရေးတိုက်တွန်းနေမှုတွေက
သူ့ကိုစိတ်ဖိစီးစေသည်။အချိန်တစ်ခုထိကြာကြောင့် ရပ်နေပြီးမှပြန်ဖို့ရာ
သူလှည့်ထွက်လိုက်တဲ့အချိန်မှာ တံခါးကိုဆွဲဖွင့်လိုက်တဲ့
အသံကိုကြားလိုက်ရ၍သူ့လှုပ်ရှားမှုကရပ်တန့်သွားသည်။" ကျွန်မကိုတွေ့ဖို့ သွေးနည်းနေတာလား Lisa "
ကြားလိုက်ရတဲ့အသံက မိုးရေတွေလိုပဲ၊အေးစက်စက်နဲ့။
သူပြန်လှည့်ကြည့်လိုက်တော့ တံခါးကိုကိုင်ထားဆဲ
Jennie ကိုမြင်လိုက်ရသည်။ မီးရောင်မှိန်မှိန်လေးပေမယ့်
Jennieလက်တွေတုန်ယင်နေသလိုသူခံစားရတယ်။
YOU ARE READING
The Uncontrollable
Random" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "