တစ်ချို့သော
ပြန်သွားဖို့မသေချာတော့သောလမ်းတွေဆီမှာ
စွဲလမ်းမှုတစ်ချို့၊အမှတ်တရတစ်ချို့၊နာကျင်မှုတွေနဲ့
ပျော်ရွှင်မှုတွေကျန်နေတတ်သည်။Lisa အတွက်လည်းထိုသို့ဖြစ်သည်။
ပြန်မယ်လို့တွေးထားပြီး ပြန်ဖြစ်ဖို့မသေချာတော့တဲ့
သူမရဲ့မွေးရပ်မြေက သံယောဇဉ်တွေကိုသတိရနေပေမယ့်
အခွင့်သာမှသာပြန်ဖို့တွေးထားခဲ့တာ။
တစ်ကယ်တမ်း အမေမရှိတော့ဘူးဆိုတဲ့အမှန်တရားက
နာကျင်စရာကောင်းတာမှန်ပေမယ့်ချက်ချင်းပြန်ဖို့
မတွေးမိဘူး။" တစ်ခေါက်တစ်ခါတော့ အမေ့ကိုနှုတ်ဆက်ဖို့ပြန်လာပါ့မယ့်"ဆိုတဲ့စကားကိုမျက်ရည်တွေကြားက ကိုဆမ်ကို
ပြန်ပြောခဲ့သည်။ ဒီလောက်ပါပဲ။ ဒီနာကျင်မှုတွေကို
ဒီလောက်ပဲလက်ခံပြီး မေ့ထားပါရစေ။
အဖေ့လိုမျိုးတာဝန်ယူတတ်တဲ့ခေါင်းဆောင်မဖြစ်
ခဲ့ပေမယ့်လည်း သူရှိနေစဥ်အချိန်လေးမှာတော့
အကောင်းဆုံးနေထိုင်ခဲ့တယ်မဟုတ်လား။သူထွက်လာခဲ့တယ်ဆိုတာ တကယ်တမ်းထွက်ပြေးလာ
ခြင်းဖြစ်သည်။အရောင်းအဝယ်လုပ်ဖို့ဆိုတဲ့အကြောင်းပြ
ချက်နဲ့ထွက်လာခဲ့ပေမယ့်လည်းတကယ်တမ်းထွက်ပြေး
လာခဲ့တာပါပဲ။Lisa ကသတ္တိနည်းတဲ့သူသာဖြစ်ခဲ့ပြီး
ပြဿနာအများစုကိုရှောင်တိမ်းတဲ့နည်းလမ်းက
ထွက်ပြေးခြင်းလို့ယူဆထားသည်။သူမရှိတဲ့အခါ
အဲ့ဒီပြဿနာတွေကအလိုလိုဖြေရှင်းပြီးသားဖြစ်လိမ့်မယ်လို့လည်းယုံကြည်ထားခဲ့သည်။ တစ်ချိန်ချိန်မှာတော့
သူတို့မျိုးနွယ်စုပြဿနာကို ကိုဆမ်ကသေချာဖြေရှင်း
နိုင်မယ်လို့လည်းယုံကြည်ထားခဲ့သည်။အိမ်တော်ရဲ့တံခါးဝထိသာ ကိုဆမ်ကိုလိုက်ပို့ဖြစ်ခဲ့သည်။
တွေ့ဆုံရတာနောက်ဆုံးတစ်ခေါက်လည်းဖြစ်သွားနိုင်သော
နှုတ်ဆက်မှုလည်းဖြစ်နေနိုင်သည်။ ကိုဆမ်ကို သူ့ကို
အချိန်အကြာကြီးဦးညွှတ်အရိုအသေပေးနေသည်။" သွားတော့ ကိုဆမ် အဆင်ပြေရင်စာရေးပို့ပေးပါ
အခွင့်အရေးရရင်တော့ကျွန်မတစ်ခေါက်ပြန်လာ
ပါ့မယ် ခရီးလမ်းအဆင်ပြေပါစေ"" ဟုတ်ကဲ့ "
ဟုတ်ကဲ့တစ်ခွန်းသာပြောပြီး မြင်းပေါ်တက်သွားတဲ့
ကိုဆမ်ဟာ မြင်ကွင်းမှပျောက်ကွယ်သွားသည်ထိ
တစ်ချက်ကလေးမှလှည့်ကြည့်မသွားခဲ့ပါ။
သူ့ကိုအနည်းငယ်စိတ်နာသွားသလားမပြောတတ်။
YOU ARE READING
The Uncontrollable
Random" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "