ဘဝမှာ တစ်ခုခုပြောင်းလဲဖို့အချိန်ရောက်ပြီလို့
ထင်လာတဲ့အခါက ဘဝအတွက်အရေးအကြီးဆုံး
အရာတစ်ခုကိုဆုံးရှုံးရတော့မယ်လို့ခံစားလာမိချိန်ဖြစ်သည်။ဒီရက်တွေမှာ Jennie တွေးတယ်။
စာကြည့်ခန်းထဲကစာအုပ်တွေကြားမှာအချိန်ကုန်တယ်။
မမJisooရဲ့စကားတွေကိုပြန်ကာလှန်ကာစဥ်းစားတယ်။
ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတဲ့အဖြေကို ရှာမရခဲ့။
Jisoo ရဲ့စကားတွေကိုမုသားတွေလို့ယုံချင်မိသည်။
ဒါလည်းမဖြစ်နိုင်ဘူးမဟုတ်လား။
ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်ရင် လူသားတွေကအမှန်ကို
ဝန်ခံတတ်ကြတာက အမြဲလိုဖြစ်နေကြမဟုတ်လား။Lisa လာမတွေ့ခင်ထိ Jennie ဘာစလုပ်ရမလဲဆိုတာ
မတွေးမိသေးဘူး။ ဒါပေမယ့် Lisa ကြောက်ရွံ့မှုတွေကို
တွေ့လိုက်ရချိန်မှာ ခံစားချက်တွေကခွေယိုင်လာတယ်။
Lisa ရဲ့မျက်ဝန်းတွေက ပင်ပန်းနွမ်းနည်နေတာကို
တွေ့ရတယ်၊ဝေခွဲမရဖြစ်ခြင်းတွေကြားထဲကိုရောက်နေတဲ့
ခံစားချက်တွေရောထွေးနေသလိုပဲ။သူ့ကို ချစ်တဲ့စိတ်ရော ဆုံးရှုံးရမှာကြောက်တဲ့စိတ်ရော အခြားအကြောင်းကိစ္စတွေရောက Lisa ကိုဆုံးဖြတ်ချက်ချဖို့ခက်ခဲအောင်လုပ်နေသလိုထင်ရသည်။
ဒီတိုင်းထိုင်နေလို့ဘာအကြောင်းမှထူးလာမှာ
မဟုတ်တာကိုပိုသိလာခဲ့ရတယ်။ဒီတော့ Jennie တစ်ခုခုကိုရှာဖွေရမယ်။
Lisa နဲ့အတူ ဒီကနေထွက်သွားနိုင်မယ့်အချိန်ကိုရှာဖွေရမယ်။ ပြီးတော့ Lisa ကိုကာကွယ်ပေးရမယ်လို့ထင်တယ်။
Lisa ခက်ခဲနေတာကိုသိပေမယ့် ဘာကိုပိုခက်ခဲနေလဲ
ဆိုတာကိုသိအောင်လုပ်ရမယ်။ပြီးတော့ သူ့ကိုအနည်းငယ်
လိမ်ညာခဲ့တဲ့Lisa အတွက်ပြစ်ဒဏ်ကိုတော့ သူတွေးထား
ပြီးသားဖြစ်လို့ အရင်ဆုံး ဒီအခြေအနေတွေကရုန်းထွက်ဖို့
သူ့ဘက်ကလည်းတစ်ခုခုလုပ်ရမည်လို့ဆုံးဖြတ်ခဲ့သည်။ဆုံးဖြတ်ချက်ချလိုက်ပြီးမှ သူဘာမှမလုပ်တတ်တာကို
သတိရလာတယ်၊ အမြဲတမ်းအဆောင်ထဲမှာနေခဲ့ရတဲ့
သူကဘာတွေများလုပ်နိုင်မှာလဲ၊
အရာအားလုံးကိုကံတရားပေါ်သာပုံချထားလိုက်ရမှာပဲ။-
" သခင်မလေး မြင်းစီးတတ်မယ်လို့မထင်ထားဘူး"
YOU ARE READING
The Uncontrollable
Random" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "