ကျီစယ်လာတဲ့လေပြေပါးပါး၊
ြမင်ကွင်းတစ်ဆုံးစိမ်းစိုနေတဲ့့ြမက်ခင်းြပင်၊
ဟိုးဝေးဝေးမှာမြင်နေရတာတောင်တန်းရေးရေး၊
ြမက်နုနုတွေကိုစားနေသောြမင်ညိုတစ်ကောင်။သူတို့ြမင်ကွင်းရှေ့ကတကယ်ကိုလှပနေပါသည်။
Lisa က Jennie ကိုခေါ်ြပီးြမို့ြပင်ဘက်ကို
ထွက်လာခဲ့ကြခြင်းဖြစ်သည်။
မိန်းကလေးကချစ်တယ်ဆိုတာကိုလက်ခံပြီး
နောက်တစ်နေ့တွင်ဖြစ်ပါသည်။ဝေါယာဥ်တွေ၊လူထမ်းယာဥ်တွေ၊ြမင်းဆွဲလှည်း
တွေနဲ့မဟုတ်ဘဲ သူ့ြမင်းနဲ့လာခဲ့ကြခြင်းဖြစ်သည်။
ချစ်ရသူဟာရင်ခွင်ထဲမှာဆိုတဲ့အသိနဲ့တင်
ြမင်းနဲ့သွားရဖို့တွေးမိတာကိုအတော်ကြီး
ကျေနပ်နေမိသည်။အခု နှစ်ယောက်လုံးြမက်ခင်းတွေမှာထိုင်နေကြပြီး
တစ်နေရာစီကိုငေးနေကြသည်။ လက်တွေချင်းက
တော့ဆုပ်ကိုင်ထားကြလျက်။" ကျွန်မကိုဘာဖြစ်လို့ချစ်တာလဲ Lili"
ပြောင်းလဲခဲ့ပြီးသောနာမ်စားအတွက် Lisa
ကျေနပ်တယ်။Jennie နှုတ်ဖျားကနေ
သူ့အတွက်ရည်ရွယ်ပြီးခေါ်တဲ့ဘယ်လိုနာမ်စား
ကိုမဆို Lisa ကြိုက်နှစ်သက်ပါသည်။" ဘာလို့လို့ ထင်လဲ NiNi "
လေပြေခပ်ပြင်းပြင်းတိုက်လာတာကြောင့်
Jennie ဘေးနားတိုးကပ်လိုက်ပြီးဖက်
ထားလိုက်ရင်း ပြန်မေးမိတော့ မိန်းကလေး၏
ပါးပြင်လေးတွေကဖောင်းလာကာနမ်းချစ်စဖွယ်
ဖြစ်လာသည်။အကြည့်စူးစူးလေးတစ်ချက်ကိုကျေနပ်စွာ
ခံယူရင်း သူ့ပါးပြင်ကိုနမ်းလိုက်မိသည်။" ဒီတိုင်းမိန်းကလေးဖြစ်နေလို့
ဒီတိုင်း ချစ်ခြင်းမေတ္တာလို့ထင်လို့
ဒီတိုင်း ယုံကြည်ရမယ်လို့ထင်လို့
ပြီးတော့ NiNi ကအိမ်လေးနဲ့တူလို့"အချစ်မှာအကြောင်းပြချက်မရှိဘူးဆိုတာလည်း
မှန်ကန်ပြီး ချစ်မိတဲ့အခါအကြောင်းပြချက်
များစွာဖြစ်တည်လာတာကလည်းမှန်ကန်နေပါသည်။Lisa က Jennie ကိုချစ်မိသွားသောကြောင့်
အကြောင်းပြချက်များစွာထွက်ပေါ်လာရသည်။
ဒီလိုစကားပြောကောင်းတဲ့ချစ်သူကို
ဘယ်မိန်းကလေးကသဘောမကျပဲနေလိမ့်မလဲ။
Jennie Kim သိပ်ကိုသဘောကျပါသည်။
YOU ARE READING
The Uncontrollable
Random" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "