ချစ်ခြင်းမေတ္တာထက်သူမကိုယုံကြည်မိတဲ့အခါ။
ဥယျာဥ်ထဲမှာ Lisa တို့အတူတူလမ်းလျှောက်
နေကြနေကြတယ်ဆိုပေမယ့် Jennieက
ခြေနှစ်လှမ်းမျှရှေ့ရောက်နေသည်။Lisa ခေါ်နေတာကိုလည်းမကြားဟန်ပြုပြီး
Lisa ကိုပါလျစ်လျူရှူထားသေးသည်။Lisa သူမနဲ့ယှဥ်လျှောက်တဲ့အနေအထားထိကို
ုမြန်ပြီးလျှောက်လိုက်သည်။ထိုအခါ Jennieက
ဘေးကသူ့ကိုတစ်ချက်ကြည့်တယ်။
Lisa ပြုံးရုံလေးပြုံးပြလိုက်ပြီး သူမလက်ကို
ဆုပ်ကိုင်ကာဆက်လျှောက်နေလိုက်သည်။
ပြန်ရုန်းဖယ်သွားခြင်းမရှိတဲ့သူမလက်တွေက
တကယ်နွေးထွေးနေလွန်းသည်။" နေပြောက်တွေထိုးနေပြီ ပြန်ကြတော့မလား"
အရိပ်ရတဲ့သစ်ပင်အောက်မှာ Jennie ကထိုင်နေပြီး
Lisa ကသူမပေါင်ပေါ်ခေါင်းအုံးက သူမမျက်နှာလေး
ကိုပဲငေးကြည့်နေနေတာ။ သစ်ရွက်အကြိုအကြားတွေကနေရောင်တွေထိုးကျလာတော့ Jennie
လက်နဲ့ကာထားပေးနေပေမယ့်လည်းနေပြောက်က
ထိုးနေဆဲ။" ဒါ နေ့လည်စာစားချိန်မဟုတ်လား မိန်းကလေးNini ကျွန်မတို့တစ်ခုခုစားသွားစားကြရအောင်"
Lisa ရပ်လိုက်ပြီး သူမကိုလက်ကမ်းပေးလိုက်တယ်။
လက်ချောင်းပြေပြေဖွေးဖွေးလေးတွေနဲ့ကြည့်လို့
ကောင်းလွန်းတဲ့လက်ဖဝါးလေးက သူမမျက်နှာရှေ့
နားမှဆန့်တန်းလို့။ သူမဆွဲကိုင်လိုက်တော့ သူမလက်ဖဝါးကိုခပ်ဖွဖွပြန်ဆုပ်ကိုင်လာတယ်။
လက်ဖဝါးကိုဆုပ်ကိုင်ပြီးခြေထောက်ကိုအားယူကာ
ထရပ်လိုက်တော့ သူ့မျက်နှာနဲ့သူမမျက်နှာက
နီးကပ်သွားတယ်။မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့သူမမျက်နှာကိုစိုက်ကြည့်နေတဲ့Lisaကြောင့် သူမကိုယ်ကိုမတ်လိုက်ရသည်။
" ဒါဆိုသွားရအောင် ဆရာ "
Lisa ကိုနာမည်တစ်ခုပြောင်းခေါ်ဖို့ကသူမအတွက်
စောနေသေးသည်။ဒီသုံးလေးလအတွင်းမှာ
ယောကျာ်းလေးပုံစံနဲ့အတူဆရာဆိုတဲ့အသုံးအနှုန်း
နဲ့နေသားတကျဖြစ်နေခဲ့တာကြောင့် ပြောင်းလဲဖို့
ရာခက်ခဲနေလိမ့်ဦးမည်။
YOU ARE READING
The Uncontrollable
Random" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "