Sam ခေါ်ဆောင်လာတဲ့လမ်းတွေအတိုင်း
Lisa လိုက်လာခဲ့ပေမယ့် စိတ်တွေကအိမ်တော်မှာ
ကျန်နေခဲ့သည်။ လမ်းတစ်လျှောက် ကိုSam ပြောပြချက်
တွေအရ မြို့တော်မှာအခြေအနေမကောင်းဘူးဆိုတဲ့
အကြောင်း၊အရင်တည်းကတင်းမာနေခဲ့သော
Park အိမ်တော်နဲ့ Kim အိမ်တော်ရဲ့ဆက်ဆံရေးက
သူအချုပ်ထဲရှိနေစဥ်မှာပိုပြီးတင်းမာလာကြောင်း၊
ပြီးတော့ YooShin ခေါ်သွင်းလာတဲ့ ဂျပန်အရာရှိတစ်ချို့
ကလည်းမြို့ဝန်မင်းအိမ်မှာ ရှိနေကြောင်း စသဖြင့်
မနှစ်မြို့စရာသတင်းတွေကိုကြားရသည်။
ကျန်ရစ်နေခဲ့သော Jennie ကိုစိတ်မချဖြစ်သော
စိတ်တို့ကပိုမိုပြင်းထန်လာကာ မြင်းဇာတ်ကြိုးကို
ဆွဲကာရပ်တန့်လိုက်ရသည်။" ငါတို့ဒီလိုသွားလို့မရဘူး မိန်းကလေးကိုပါခေါ်လာရမှာ"
" မဖြစ်ဘူး၊ ဒီတစ်ခေါက်ပြဿနာကိုဒီတိုင်းထားခဲ့ရအောင်
နော် Lisa ဆိပ်ကမ်းရောက်ဖို့ဆိုကြာဦးမှာ ပြီးတော့ "" အရင်ဆုံး မိန်းကလေးကိုပဲပြန်ခေါ်ရအောင် ကိုSam
သူ့ကိုခေါ်ယုံလေးပဲရတယ်မလား မြင်းတွေကိုပြန်လှည့်
ခိုင်းရအောင် "သို့ပေမယ့် ကို Sam ကမြင်းကိုပြန်မလှည့်ပါ။
Lisa စကားကိုမကြားသလိုသာနေ၍ Lisa မြင်းနဲ့
ယှဥ်၍ရပ်လိုက်သည်။" လူကြီးမင်း စောင့်နေတယ် မမလေး
ပြီးတော့ လက်နက်တွေသယ်ဆောင်ထားတဲ့သင်္ဘောက
ဆိပ်ကမ်းကနေထွက်ခွာသွားပါပြီ "" ငါ တကယ်ကိုဘာမှမသိချင်ဘူး မိန်းကလေးဆီကို
ြပန်သွားရအောင် "" အပေးအယူကိစ္စ မြို့ဝန်မင်းကိုသတ်ပေးရမှာမလား
မမလေးမလုပ်နိုင်ရင် ကျွန်တော်လုပ်လိုက်ပါမယ်"ကိုSam စကားေြကာင့် Lisa တိတ်ဆိတ်သွားသည်။
ိထိုစကားကိုြကားမှ သူ့အပေးအယူကိုထင်ရှားစွာ
ပို၍မှတ်မိလာသည်။မှတ်မိပြီးသားပေမယ့်လည်း
စိုးရိမ်တုန်လှုပ်နေတဲ့စိတ်နဲ့အတူ Lisa တွေဝေနေသည်။သူဘာဆက်လုပ်ရမလဲ၊
ဒီအတိုင်းထွက်သွားလိုက်ရင် Jennie နဲ့ပြန်တွေ့
နိုင်ပါ့မလား၊ဒါမှမဟုတ် လူကြီးမင်းရဲ့အပေးအယူအတိုင်း
ြမို့ဝန်မင်းကိုသတ်ပြီး Jennie ကိုခေါ်သွားရင်ရော။
ဒီအကြောင်းတွေကို Jennie သိသွားရင်ရော။
YOU ARE READING
The Uncontrollable
Rastgele" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "