"မိန်းကေလး သွားရအောင်"
"ဘယ်လဲ ဆရာ "
Jennie ကစိတ်မရှည်တဲ့အသံမျိုးဖြင့်သာ
တုံ့ပြန်ပြီး စောင်ကိုခေါင်းထိဆွဲခြုံလိုက်သည်။
သူမရဲ့ကလေးလိုအပြုအမူလေးကိုကြည့်ပြီး
Lisa ပြုံးမိသည်။Lisa မနက်ရောက်တဲ့အချိန်ထဲက သူမကိုအပြင်ထွက်ဖို့ခေါ်နေခြင်းဖြစ်ပေမယ့် သူမကခုတင်ပေါ်ကနေ တုတ်တုတ်မျှမလှုပ်ပဲနေလေသည်။
"ြမို့ပတ်ရထားစီးဖို့လေ မသွားဖူးဘူးမဟုတ်လား"" ဟင့်အင်း မသွားချင်ဘူး "
သူမရဲ့အခန်းဝကနေ အပြင်သွားဖို့ခေါ်နေသော
Lisa. အိပ်ယာပေါ်မှာလှဲနေဆဲမိန်းကလေးက
ခုထိ ထမလာသေးပါ၊ အေြကာင်းရင်းမရှိ
စိတ်ဆိုးတာမျိုးမဟုတ်ပေမယ့် ချော့ရသောအလုပ်ကိုLisa သဘောကျမိပါသည်။အကြောင်းအရင်းမရှိ
စိတ်ဆိုးတာမျိုးဆိုရင်လည်းချော့ရမည်သာ။Liss ခုတင်ဘေးဝင်ထိုင်ပြီး စောင်ကိုပြန်ဆွဲယူ
တော့ သူမကထထိုင်ကာ သူ့ကိုမျက်စောင်းထိုးကာကြည့်နေလေတယ်။" ဘာလို့လဲ အဲ့လိုမကြည့်ပါနဲ့ဆို "
" ကြည့်မှာပဲ "
" ကျွန်တော်တောင်းပန်ပါတယ် ဒီရက်ပိုင်း
မလာဖြစ်တာက ကျွန်တော်နေမကောင်းလို့ပါ"မယုံပါဘူးဆိုသောသူမ၏အသံတိုးတိုးလေးကိုကြားရပြီး သူမကတစ်ဖက်သို့လှည့်သွားသည်။
လွန်ခဲ့သောသုံးရက်လုံး Lisa ဖျားနေခဲ့ပါ။
ဖျားရတဲ့အကြောင်းရင်းကမိန်းကလေးကြောင့်ပါလို့ပြောလိုက်ရင်လည်း Jennie စိတ်မကောင်းဖြစ်သွားမှာကိုသိသည်။Lisa ထရပ်လိုက်တော့ခေါင်းထဲမိုက်ခနဲဖြစ်သွားတာကြောင့် ခေတ္တငြိမ်သက်သွားသည်။
နေမကောင်းဖြစ်ထားတာကြောင့်အစားကောင်းကောင်းမစားခြင်းကခန္ဓာကိုယ်ကို
အားနည်နေစေသည်။ခုတင်တစ်ဖက်ကို Lisa ရောက်တော့
Jennie ကတစ်ချက်ကြည့်တယ်။Lisaပြုံးပြရင်းဘေးကိုဝင်ထိုင်လိုက်သည်။သူမ၏လက်ဖဝါးကိုဖွဖွလေးဆုပ်ကိုင်တော့ငြင်းဆန်ခြင်းမရှိချေ။" မိန်းကလေးဆီလာမယ်လို့ပြောပြီးမလာဖြစ်လို့အရင်ဆုံးတောင်းပန်ပါ့မယ် ပြီးတော့နေမကောင်းဖြစ်တဲ့ ကိုယ့်ကိုယ်ကိုအပြစ်ပေးတဲ့အနေနဲ့ ဒီတစ်ပတ်လုံး အိမ်မပြန်တော့ဘူး"
YOU ARE READING
The Uncontrollable
Random" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "