အခန်း-၇{ကမ်းလက်တစ်စုံ}
891 102 12
{Zawgyi}
"အော်..ဒီကလေးကတော့ စားပါလို့ပြောနေတာ
ကိုမရဘူး"
ယိုယွင်းပျက်စီးနေသော ဝါးဝရံအိမ်လေးထံမှ
ထွက်ပေါ်လာသည့် အသံဖြစ်သည်။ အိမ်လေး
သည် လုံခြုံမှုမရှိပေ။ ကြက်ခြေခက် ပုံစံဝါးထရံ
ကာကြောင့် အပြင်မှ ကြည့်လျှင်ပင် အိမ်အတွင်း
ထဲတွင် ရှိသည့် အရာများကို ကောင်းစွာမြင်နေရ
သည်။
ဒေါ်ကလျာပ်ို့လွှတ်လိုက်သည့် ကားလေးသည်
ထိုအိမ်ငယ်လေးရှေ့တွင် ဖုန်တထောင်းထောင်း
ဖြင့် ထိုးရပ်သွားလေသည်။ ကားလေးပေါ်မှ လွန်း
ဆင်းလာပြီး အဝတ်အိတ်အနက်ရောင်လေးကို
ဆွဲကာ ဦးစိုးခေါ်ဆောင်ရာနောက်သို့ ခေါင်းလေး
ငုံ့ကာဖြင့် လိုက်ပါလာရသည်။
ဒီအိမ်လေးကို လွန်း ရောက်ဖူးတာ ဒီအကြိမ်နဲ့
မျှဆိုလျှင် နှစ်ကြိမ်သာ ရှိပေလိမ့်အုံးမည်။
မိခင်ဖြစ်သူနှင့် အစ်မဝမ်းကွဲတော်စပ်သူဟုသိ
ရှိထားရသော်လည်း ကိုယ့်အကြောင်း၊ ကိုယ့်
အပူနှင့်ကိုယ်မို့ သိပ်တော့ရင်းရင်းနှီးနှီးဆက်ဆံ
မှုမရှိခဲ့ချေ။
"ချွမ်း..!! "
"ဂွမ်း.!!"
အိမ်ထဲသို့ဝင်ဝင်ချင်း ကြားလိုက်ရသည့်အသံ
သည် အိုးခွက်သံများပြုတ်ကျသည့် အသံဖြစ်
သည်။ ကြမ်းပြင်ပေါ်တွင် ထမင်းစေ့တို့က ပြန့်
ကျဲနေပြီး အနီးနားတွင် ခေါင်းလေးကို ကိုင်ကာ
ကလေးငယ်တစ်ဦးသည် အသံစူးစူးဖြင့် ငိုကြွေး
နေလေ၏။
"ကျွေးမွေးနေတာကို ကောင်းကောင်းမစား
ဘူး၊ နမော်နမဲ့နဲ့ ထမင်းဇလုံကို မှောက်အောင်
လုပ်တဲ့ကောင်..နင်ဆက်မစားနဲ့တော့"
ပြောဆိုရင်း ထမင်းဇလုံးဖင်ဖြင့် ထိုငိုကြွေးနေ
သည့် ကလေး၏ ခေါင်းသို့ ထပ်မံခေါက်လိုက်
ပြန်သည်။ ဒီတွင်မပြီးသေး။ အခန်းထဲမှ အရုတ်
တစ်ခုကို လက်တစ်ဖက်ကနေ ပြိုင်တူလုကာ
ကျန်လက်တစ်ဖက်ဖြင့် ဆံပင်များအား အချင်း
ချင်းဆွဲကာ ရန်ဖြစ်နေသော ရွယ်တူကလေး
နှစ်ဦးထွက်လာပြန်၏။
"ဟိတ်ကောင်....ငါ့အရုတ်ကို လာမလုနဲ့"
"လုမှာပဲ..ဘာဖြစ်လဲ မကျေနပ်ဘူးလား"