{Zawgyi}
မှောင်မိုက်နေသော အခန်းငယ်လေး၏ကုတင်
ပေါ်တွင် ချွေးစေးများပြန်ကာပြုစုမဲ့သူမရှိဘဲ
မျက်ရည်တွေနှင့်သာ အဖော်ပြုနေနေရသော
လွန်းည။ညမီးအိမ်သေးသေးလေး၏အလင်း
ရောင်ကြောင့် မျက်နှာကြပ်လေးကိုခပ်ရေးရေး
လေးသာ မြင်နေရသည်။လေးလံနေသောမျက်ခွံ့
ကို အားယူဖွင့်ဖို့ကြိုးစားနေရင်း ခြောက်သွေ့နေ
သော လည်ချောင်ဝမှရေကိုသာတောင့်တနေ
ခဲ့သည်။တစ်ကိုယ်လုံးချွေးတွေရွှဲနစ်ကာ အပေါ်တွင်ခြုံ
ထားသော ဂွမ်းစောင်အထူကြီးကိုလက်လေးနှင့်
ဖယ်ရှားဖို့ကြိုးစားနေသည်။မှိတ်ထားသော
မျက်ဝန်းတောင့်စွန်းလေးက မျက်ရည်စတို့က
အဆင်မပြက်ပြိုဆင်းနေပြီး အဖြူရောင်
ခေါင်းအုံးအဖုံးလေးက ရွှဲနစ်နေခဲ့၏။"မေမေ.........မေမေဘယ်မှာလဲ"
တုန်ရီနေသော လေသံလေးဖြင့် ကယောင်ကတမ်း
တမ်းတနေခဲ့သည်။ပူလောင်နေသောရင်တွင်းမှ
ဒဏ်ရာတို့က ခန္ဓာကိုယ်အပူထက်ပင်ပို၍ပိုဆိုး
နေသည်။ငယ်ရွယ်နုနယ်သေးသော လွန်းညရဲ့
ရင်ထဲတွင်ဒဏ်ရာတို့က ဗလပွ။အဟောင်းမ
ပျောက်ခင် အသစ်ရောက်လာသော ဒဏ်ရာ
နှင့်ထိုးနှပ်ချက်တွေကြောင့် လွန်းရဲ့နှလုံးအိမ်
လေးက အလွန်ကိုပင်ပန်းနေလွန်းနေခဲ့ပါပြီ။ထိုစဉ်နှဖူးပေါ်ကိုအေးခနဲရောက်လာသော
အဝတ်စတစ်ခု။ရွှဲနစ်နေသော ချွေးတွေကို
တဘက်လေးဖြင့်သုတ်ပေးပြီး ခြောက်သွေ့
နေသော လည်ချောင်းဝသို့ရေအေးလေး
စီးဆင်းလာသည့်အခါ အဖျားတို့ကသက်သာ
သွားသလိုခံစားလိုက်ရသည်။ဘယ်သူဘယ်ဝါ
မှန်းမသိသော်လည်း သူ့ကိုဒီလိုဂရုစိုက်မည့်
တစ်ဦးတည်းသော သူက ဖေဖေသာဖြစ်လိမ့်
ဟုထင်သည်။"ခွမ်း.....!! "
လွန်းညရဲ့ချွေးတွေကိုသုတ်ပေးပြီး တစ်ဘက်
လေးကို ကြွေဇလုံထဲပြန်ထည့်ကာ နွေးတေးတေး
ဖြစ်နေသော နှဖူးလေးကိုတစ်ချက်စမ်းကြည့်
သည်။အဖျားအနည်းငယ်ကျသွားပြီမို့ သက်ပြင်း
ခပ်ဖွဖွချကာ စားပွဲပေါ်တွင်တင်ထားသော
ကြွေဇလုံးလေးကို မ,လိုက်ပြီး ကုတင်ပေါ်က
နေထ,လိုက်တော့ ညမီးအိမ်လေး၏အောက်
တွင် တင်ထားသော ဓာတ်ပုံဟောင်းလေးကို
တိုက်မိပြီး ကြမ်းပြင်ပေါ်သို့ပစ်ဆက်လက်ခက်
ပြုတ်ကျသွားရသည်။
YOU ARE READING
Romanceအစ်ကို့ရဲ့မျတ်နှာလေးကိုတစ်သက်လုံး မြတ်နိုးစွာ ကြည့်ခွင့်ရမဲ့သူက လွန်းသာ ဖြစ်ခဲ့ရင်၊ဒီလောက မှာ လွန်းလောက်ကံကောင်းတဲ့သူရှိတော့မှာမဟုတ်ဘူး။ အစ်ကို့ရဲ့မျတ်နှာလေးကိုတစ်သက်လုံး မြတ်နိုးစွာကြည့်ခွင့်ရမဲ့သူက လွန်းသာ ဖြစ်ခဲ့ရင်၊ဒီလောကမှာ လွန်းလောက်ကံကောင်း...