အခန်း-၈{လရောင်ချော့တေး}
921 100 18
{Zawgyi}
"အစ်ကို...."
မြတ်နိုးစွာဖြင့် ထိုနာမ်စားလေးအား ခေါ်ဆိုလိုက်
မိပြီး လွန်းထံသို့ ကမ်းပေးလာသော လက်လေး
တစ်ဖက်အား အားကိုးတကြီးဖြင့် ဆွဲကိုင်လိုက်
မိ၏။ သူ့လက်အား ဆွဲကိုင်လာသည့် လွန်း၏
လက်လေးကို အမောင် တင်းကြပ်စွာပြန်လည်
ဆုပ်ကိုင်လိုက်ပြီး လှဲကျနေရာမှ ပြန်လည်ဆွဲ
ထူပေးလိုက်မိ၏။
ထို့နောက် လွန်း၏ မျက်နှာလေးအား ကရုဏာ
သက်စွာစီးမိုးကြည့်မိရင်း သက်ပြင်းလေးတစ်
ချက်ခိုးရှိုက်မိ၏။
"အစ်ကို..ဘယ်လိုဖြစ်လို့ ဒီနေရာကို ရောက်လာ
တာလဲဟင်"
"လွန်း..ကို လာခေါ်တာပေါ့"
"လွန်းကို လာခေါ်တာ ဟုတ်လား"
အမောင့်၏ မျက်နှာလေးအား မျက်လုံးအဝိုင်း
သားဖြင့် နားမလည်စွာအံ့သြသလိုကြည့်နေမိ
ရင်း ဒေါ်လေးကြည်၏ အသံကြောင့် လွန်းည
ကြောက်လန့်စွာဖြင့် အမောင့် နောက်သို့လှစ်ခနဲ
ပြေးကပ်ပုန်းမိ၏။
ထင်းချောင်းရှည်ကို ဆွဲရင်းပြေးလိုက်လာသည့်
ဒေါ်လေးကြည် တစ်ယောက် အမောင့် ရှေ့တွင်
တုံ့ခနဲရပ်တန့်သွားပြီး အမောင့်ခန္ဓာကိုယ်အား
အကာအကွယ်ယူရင်း ပုန်းနေရှာသည့် လွန်းည
အား စူးစိုက်ကြည့်၏။
"လွန်းည..ထွက်လာခဲ့စမ်း"
အမောင့် အားအကာအကွယ်ပြုကာ ရပ်နေ
သော လွန်းည၏ ခန္ဓာကိုယ်လေးပိုမိုကျုံ့သွား
ပြီး အမောင့် အင်္ကျိစလေးအား အားကိုးတကြီး
ကိုင်ဆွဲမိပြန်သည်။
"အန်တီ..စိတ်အေးအေးထားပါနော်။ ကျွန်တော့်
နာမည်က နွေရိပ်မောင်လို့ ခေါ်ပါတယ်။ မန္တလေး
ကနေ လာတာပါ။ အနောက်မှာ ကျွန်တော့်အဖေ
လည်း ပါပါတယ်။ ကျွန်တော်တို့ ဒီကိုလာတာ
လွန်း ကို မန္တလေးပြန်ခေါ်သွားဖို့ ပါ"
အမောင် သည် သူ့ရှေ့တွင်ရှိနေသည့် အမျိုး
သမီးအား ယဉ်ကျေးစွာ ရှင်းပြနေရင်းအနောက်
တွင် ဖခင်ဖြစ်သူ၏ကားလေးက အရှိန်လျော့ကာ
ရပ်တန့်သွား၏။ အမောင်တ်ို့သားအဖ ရွာကိုခရီး
နှင်လာခဲ့ရင်း လိပ်စာအတိအကျမသိရတာကြော
င့် အမောင်တစ်ယောက် ကားပေါ်မှဆင်းကာ ခြေ
လျင်ဖြင့် တွေ့သမျှလူများအားမေးမြန်းစုံစမ်းနေ
ရင်း လွန်း နဲ့ တည့်တည့်လာတိုးခဲ့ခြင်းဖြစ်သည်။